5.8
157,643
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Old (2021)

Drama, Horror, Mystery

Credits 200

ကျွန်မတို့နေ့စဥ◌်နေထိုင်နေတဲ့ဘ၀ကြီးမှာ ပြဿနာပေါင်းစုံ အရှုပ်အထွေးများစွာနဲ့ရင်ဆိုင်နေရပါတယ်။ ဒီလိုခက်ခဲစွာနေရင်းနဲ့ ကျွန်မတို့မေ့လျော့နေတဲ့အရာတွေကရောဘာပါလဲ??? ကျွန်မတို့နေထိုင်ရတဲ့လူ့ဘ၀တိုတိုလေးမှာ ဘယ်နှစ်မိနစ်လောက် အသက်ရှင်နေထိုင်ရတဲ့ဘ၀ကိုရတဲ့အတွက် ၀◌မ်းမြောက်ဖူးပါသလဲ??? တစ်နေ့ထက်တစ်နေ့အသက်ရှင်ချိန်တွေ စက္ကန့်နဲ့အမျှကုန်ဆုံးနေတာကိုရောသတိထားမိပါရဲ့လား??? ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ အထက်မှာဖော်ပြခဲ့တဲ့ မေးခွန်း တွေနဲ့တစ်နည်းတစ်ဖုံဆက်စပ်နေမှာပါ။ ၂၀၂၁ခုနှစ် ဇူလိုင်၂၃ရက်နေ့မှာထွက်ရှိခဲ့တဲ့ “Old” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကတော့ သည်းထိပ်ရင်ဖိုထူးဆန်းတဲ့ဇာတ်လမ်းမျိုးကိုနှစ်သက်တဲ့ Thriller, Horror & Mystery ပရိသတ်တွေအတွက်တော့လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါပဲ။ ဖြေရှင်းဖို့ခက်ခဲနေတဲ့အိမ်ထောင်ရေးပြဿနာကြောင့် ဂိုင်းနဲ့ ပရီစကာဟာ သမီးဖြစ်သူမဒ်ဒေါ့စ်၊ သားဖြစ်သူထရန့်တ်တို့နှင့်အတူ “၀◌ါရန်နှင့် ၀◌ါရန်” ဆိုတဲ့အပန်းဖြေစခန်းဆီကိုခရီးထွက်လာခဲ့ကြပါတယ်။ ဒီအပန်းဖြေစခန်းရဲ့၀◌န်ဆောင်မှုဟာ ဧည့်သည်တိုင်းအတွက်ကျေနပ်စရာကောင်းနေပြီး ပထမတန်းစားအဆင့် ကမ်းခြေအပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။ ရောက်တဲနေ့မှာပဲအပန်းဖြေစခန်းမန်နေဂျာရဲ့ အကြံပေးမှုကြောင့် ကျောက်ဆောင်တွေ၀◌န်းရံနေပြီးလူသူမသိတဲ့ ထူးဆန်းပြီးလျှို့၀ှက်တဲ့ကမ်းခြေတစ်ခုကိုသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ကာပါမိသားစုတို့စီးမယ့်ကားနဲ့အတူ အထာကိုင်တဲ့ဆရာ၀◌န်ချားလ်စ်တို့မိသားစုလည်း လျှို့၀ှက်တဲ့ကမ်းခြေဆီကိုလိုက်ပါခဲ့ကြပါတယ်။ ကမ်းခြေကိုရောက်ခါစမှာတော့ပျော်ရွှင်အဆင်ပြေနေဟန်ရှိပေမယ့် ထရန့်တ်ကရေထဲမျောနေတဲ့အလောင်းတစ်လောင်းကိုတွေ့တဲ့အချိန်မှာပဲ ပြဿနာတွေစလာပြီး ကမ်းခြေရဲ့မူမမှန်မှုတွေကိုသူတို့သတိပြုမိခဲ့ပါတော့တယ်။ သူတို့အကူအညီတောင်းဖို့အတွက် လာရာလိုဏ်ဂူလမ်းအတိုင်းပြန်သွားဖို့ကြိုးစားပေမယ့် ကြိုးစားတိုင်း ထူးဆန်းစွာမေ့လဲသွားတာကြောင့် ဘယ်လိုမှပြန်သွားလို့မရခဲ့ပါဘူး။ တဖြည်းဖြည်းကြောက်ဖို့ကောင်းလာတဲ့ကမ်းခြေမှာသူတို့နေရင်း အချိန်ကြာလာတာနဲ့အမျှ ထူးဆန်းလာတဲ့ဘယ်လိုအဖြစ်အပျက်တွေကို သူတို့ခရီးသွားတစ်စုဘယ်လိုရင်ဆိုင်ကြမလဲ? အသက်ဘေးနဲ့ကြုံလာရတဲ့အခါ မတူညီတဲ့လူတွေက အခက်အခဲကိုဘယ်လိုမတူညီစွာရင်ဆိုင်ကြမလဲ? ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။