7.7
7,370
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

The Attorney (2013)

Drama

Credits 200

ဒီဇာတ်ကားကတော့ တောင်ကိုရီးယားမှာ ဒီမိုကရေစီမရသေးတဲ့အချိန် စစ်အုပ်ချုပ်ရေးစနစ်ကျင့်သုံးနေတဲ့အချိန် ၁၉၈၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘူဒုန်ရွန်းအမှုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် အဲ့တုန်းက ဘူဒုန်ရွန်းအမှုကိုလိုက်ခဲ့တဲ့ရှေ့နေဟာ Roh Moo-hyun ဖြစ်ပြီး မင်းသားကြီး Song Kang-ho က ဒီဇာတ်လမ်းထဲမှာ Roh Moo-hyun ​​နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ရှေ့နေဆုန်းဝူဆော့ (Song Kang-ho) ဟာ အထက်တန်းပဲအောင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပြီး ငွေရဖို့အတွက် အိမ်ခြံမြေမှတ်ပုံတင်လုပ်ငန်းကတစ်ဆင့် အခွန်ဥပဒေလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ် ဒါပေမဲ့လည်း သူရှေ့နေမဖြစ်ခင်က သူ့အပေါ်ကျေးဇူးရှိခဲ့ဖူးတဲ့ အဒေါ်ကြီးတစ်ယောက်ရဲ့သား ပတ်ဂျင်းဝူနဲ့ သူ့သူငယ်ချင်းတွေဟာ ဘူဒုန်ရွန်းအမှုမှာ ကွန်မြူနစ်အဖြစ်နဲ့ စွပ်စွဲဖမ်းဆီးခံရတဲ့အခါမှာတော့ ဆုန်းဝူဆော့ဟာ အရာအားလုံးကိုစွန့်လွတ်ပြီး ရှေ့နေလိုက်ပေးခဲ့ပါတယ် အထက်က အာဏာ​ကိုကြိုးကိုင်ခြယ်လှယ်ပြီး သက်သေမရှိဘဲ မတရားဖမ်းဆီးခံခဲ့ရတဲ့ ပတ်ဂျင်ဝူးနဲ့ သူ့သူငယ်ချင်းတွေ လွတ်မြောက်အောင် ဆုန်းဝူဆော့တစ်ယောက် အခက်အခဲ​တွေ​ကြားထဲက ဘယ်လိုကြိုးပမ်းမလဲ...အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲ... တကယ့်ရှေ့နေဆိုတာဘာလဲဆိုတာကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့အတွက် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Fiona ဖြစ်ပါတယ်