ဒီကားလေးကတော့ ၁၉၉၉ခုနှစ် စစ်ပြီးခေတ်ဘော့စနီးယားမှဖြစ်ရပ်မှန်များကိုအခြေခံထားတာဖြစ်ပါတယ်
ကတ်သရင်းဘော်ကိုဗတ်ဟာ သမီးနဲ့ခွဲနေရတဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာ စစ်ပြီးခေတ်ဘော့စနီးယားနိုင်ငံမှာ ငြိမ်းချမ်းရေးထိန်းသိမ်းသူ နိုင်ငံတကာရဲတပ်ဖွဲ့ဝင်အနေနဲ့ လုပ်ဆောင်ရန် ကမ်းလှမ်းမှုကိုရခဲ့ပါတယ်
ကတ်သရင်းဟာ အလုပ်ကြိုးစားလုပ်တော့ ရာထူးတိုးပြီး ဌာနအကြီးအကဲဖြစ်လာခဲ့ပါတယ် ထို့နောက်မှာတော့ ဆယ်ကျော်သက်အမျိုးသမီးငယ်တွေကို လူကုန်ကူးပြည့်တန်ဆာလုပ်ခိုင်းနေတဲ့ အမှုတစ်ခုနဲ့ကြုံခဲ့ပါတယ် ဒီလူကုန်ကူးမှုဟာ သာမန်မဟုတ်ဘဲ ကုလသမဂ္ဂလိုမျိုးအဖွဲ့အစည်းကြီးတွေကပါ ပါဝင်ပတ်သက်နေတဲ့အခါ ကတ်သရင်းတစ်ယောက် သူ့ရဲ့သမီးအရွယ်ကောင်မလေးတွေကို ကယ်တင်ဖို့ ဘယ်လိုတွေစွန့်စားဖော်ထုတ်မလဲဆိုတာကို ရှုစားလိုက်ကြပါဦး
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Aung Myat Tun ဖြစ်ပါတယ်