6.6
22,158
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.5 GB

Credit

500

Dhoom (2004)

Action, Crime, Drama

Credits 500

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပါ။ Dhoom 2 ,3 ထိထွက်ထားပြီး အတော်အတန်လည်း နာမည်ရခဲ့တဲ့ဇာတ်ကားပါ။ Bollywood ပရိတ်သတ်မှန်ရင် မသိသူမရှိကြပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျေးဆိုတဲ့ရဲအရာရှိတစ်ယောက်။ မကောင်းမှုမှန်သမျှကို တိုက်ထုတ်၊ လောကကြီးမှာကောင်းမှုက အမြဲတမ်းအနိုင်ရတယ်လို့ ခံယူထားတဲ့သူတစ်ယောက်။ သူနေထိုင်တဲ့မြို့လေးမှာ လုယက်မှုတွေ ခပ်စိပ်စိပ်‌ဖြစ်လာတယ်။ လုယက်သူတွေက ခိုးကြောင်ခိုးဝှက်မဟုတ်ဘဲ နေ့ခင်းကြောင်တောင်တင် ပေါ်တင်ခိုးပြီး ပေါ်တင်ဆိုင်ကယ်နဲ့ထွက်ပြေးကြတယ်။ ဆိုင်ကယ်စီးကျွမ်းကြတာမို့ သူတို့ကို ဆိုင်ကယ်အဖွဲ့လို့နာမည်ပေးထားတယ်။ ဒီလိုမျိုး လူတွေကိုမလှိမ့်တပတ်လုပ်တာတော်တ‌ဲ့ သူခိုးတွေကို ဒုစရိုက်မှုနှိမ်နင်းတာတော်တဲ့ ဂျေးတစ်ယောက် အမိဖမ်းနိုင်မလားဆိုတာ ၊ သူခိုးနဲ့ရဲ ကြားအားပြိုင်မှုကို ကြည့်ရှူရမှာပါ။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ Lilly ဖြစ်ပါတယ်။