6.3
11,449
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Coma (2019)

Action, Adventure, Mystery

Credits 200

မတော်တဆမှုတစ်ခုကနေ သတိပြန်လည်လာတဲ့ ဗစ်တာဆိုတဲ့ ဗိသုကာပညာရှင် လူငယ်တစ်ယောက်ဟာ သူနိုးထချိန်မှာ ထူးခြားတဲ့ကမ္ဘာသစ်တစ်ခုထဲ ရောက်နေတာသိလိုက်ရပါတယ်။ အဲ့ဒီကမ္ဘာဟာ လက်တွေ့ဘဝနဲ့ တူညီသယောင်ရှိပေမယ့် ပန်းချီဆေးလွင့်ပြယ်နေသလို တစ်ဝက်တစ်ပျက် ပရိဘောဂတွေ လူသားတွေ ဇောက်ထိုးမိုးမျှော် အဆောက်အအုံတွေ ကြားမှာ အံ့သြလို့မဆုံးခင်မှာ သူ့ကို တိုက်ခိုက်လာတဲ့ အမဲရောင်သဏ္ဍာန်တစ်ခု လက်က လွတ်အောင်ပြေးရင်း လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က သူ့ကိုကယ်တင်သွားပါတယ်။ သူတို့နဲ့ဆုံပြီးနောက်ပိုင်းမှ သိလာရတာ သူရောက်နေတဲ့ နေရာကို Coma လို့ခေါ်ပြီး မတော်တဆမှုတစ်ခုခုကြောင့် ကာလရှည်မေ့မျောနေသူတွေဟာ ဒီနေရာကို ရောက်လာ ကြပါတယ်။ သူမြင်နေရတဲ့အရာဝတ္ထုတွေ အဆောက်အဦ တွေဟာ အဲ့ဒီလူတွေရဲ့အတိတ် မှတ်ဉာဏ်တွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပြီး သူ့ကိုရန်မူတိုက်ခိုက်လာတဲ့ အမဲရောင် သဏ္ဍာန်ကိုတော့ ဒီကလူတွေ သေမင်းလို့ခေါ်ကြပါတယ်။ အပြင်လောကမှာ သာမန်လူတွေသာ ဖြစ်ခဲ့တဲ့ဒီလူတွေဟာ ဒီကမ္ဘာလောကမှာတော့ သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ကြပြီး အဲ့ဒါတွေကို စုစည်းအသုံးချရင်း အသက်ကို ရှင်သန်အောင် မွေးနေကြရတာပါ။ မနေ့တနေ့ကမှ အစိမ်းသက်သက် ဒီလောကထဲရောက်လာတဲ့သူ့ အနေနဲ့တော့ ကမ္ဘာသစ်မှာ အသားကျအောင်ကြိုးစားရင်း စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ရပါလိမ့်မယ်။ ဇာတ်လမ်းက မြင်ဖူးသလို ကြည်ဖူးသလိုမျိုး ဖြစ်နေပေမယ့် သူ့ဟာနဲ့သူ ကွဲထွက်သွားပြီး ကြည့်လို့ အတော်မိုက်ပါတယ်။ Inception နဲ့ Matrix တို့ကိုရောမွှေထားသလို ဇာတ်လမ်းသွားမျိုးမှာမှ စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီး ထားတဲ့ ကမ္ဘာအသစ်နဲ့ VFX အကြမ်းစားကြီးတွေကို တွေ့မြင်ကြရမှာပါ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Wutyi May ဖြစ်ပါတယ်