6.1
3,055
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.3 GB

Credit

200

Detective Chinatown 2 (2018)

Action, Comedy, Mystery

Credits 200

Detective Chinatown 2 လေး ထက်ဖော်ပြပေးလိုက်ပါတယ် ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက ဖုန်း App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူတစ်ယောက်ပေါ့ အဲဖုန်း App စုံထောက်ဂိမ်းတစ်ခုပါ ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကို စုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ် ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ မခေ သူတစ်ယောက်ပေါ့ အဆင့်တစ်ကတာ့ Q ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူးဗျာ ဦးလေး မင်္ဂလာပွဲကိုတက်ဖို့ အမေရိကန် ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာခဲ့တယ် တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့ မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့် ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ် အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲ ဖုန် App ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်နေပါတယ် ချင်းဖောင်တို့တူကြီးနှစ်ယောက် အမှုကို ဖော်ထုတ်ပုံတွေ အမှုက ထင်ထားသလိုမရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နေတာကြောင့် လှည့်ကွက်များစွာရှိနေပါတယ် ဟာသလေးတွေနဲ့လဲရိုက်ကူးထားပါတယ် ဟာသဆိုပေမယ့် အမှုရဲ့သဲလွန်စရှာပုံ တွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ် စုံထောက်ကားကြိုက်သူတွေ ဟာသကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကောင်းတစ်ကားဖြစ်ကြောင်းထက်ညွှန်းလိုက်တယ်..... ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ La Pyae Aung ဖြစ်ပါတယ်