၁၉၁၄ ခုနှစ် ဉရောပမှာ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားနေခဲ့ပြီး တရုတ်အစိုးရက မဟာမိတ်တပ်နဲ့အတူတိုက်ဖို့ စစ်သားတွေအစား ကာယလုပ်သား တစ်သိန်းငါးသောင်းကျော်ကို ၁၉၁၇ ခုနှစ်မှာ ဉရောပကို စေလွှတ်ခဲ့တယ်။ ပြင်သစ်ကိုရောက်သွားတဲ့ တရုတ်အလုပ်ကြမ်းသမား ချန်ကျန်း ( Donnie Yen) တို့အဖွဲ့ဟာ စစ်ပွဲမှာ အသက်ရှင်ကျန်ရစ်အောင်ကြိုးစားပြီး အမိမြေကို ပြန်နိုင်ဖို့ မျှော်လင့်နေကြတယ်။ ချန်ကျန်းတို့အဖွဲ့ထဲက တစ်ယောက်အသက်ဆုံးရှုံးခဲ့ရပြီး ချန်ကျန်းသာ သေဆုံးသူနာမည်ကို ခံယူကာ တရုတ်ပြည်ကို ပြန်လာခဲ့တယ်။ ပထမကမ္ဘာစစ်ပြီးသွားခဲ့ပေမယ့် ချန်ကျန်းတို့ကတော့ တရုတ်ပြည် ရှန်ဟိုင်းမှာ ဂျပန်တွေနဲ့ ထပ်တိုက်ပွဲ၀င်ရဦးမှာ။ ၁၉၂၅ ခုနှစ်မှာတော့ ချန်ကျန်းဟာ မျက်နှာဖုံးသူရဲကောင်း Legend of the Fist ဖြစ်လာပါတော့တယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်