8.3
48,668
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 7.1

File Size

6 GB

Credit

500

Godzilla Minus One (2023)

Action, Adventure, Drama

Credits 500

ဂေါ်ဇီလာကြီးတွေကိုကြိုက်တဲ့လူတွေအတွက်ရှေးခေတ်ဂျပန်နဲ့စွမ်းအားလွန်ဂေါ်ဇီလာကြီးတွေပေါင်းစပ်ထားတဲ့ Godzilla Minus One ဆိုတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုမိတ်ဆက်ပေးလိုက်ပါတယ်။လက်ရှိ IMDb Rating 8.2 အထိတောင်ရရှိထားပြီးရှယ်ကြမ်းပြီးရှယ်ကြည့်လို့ကောင်းမဲ့အတွက်အချိန်ပုပ်မှာကိုစိတ်ပူစရာတော့မလိုပါဘူး။ဂျပန်ဂေါ်ဇီလာဆိုပေမဲ့လဲ အမေရိကန်ဂေါ်ဇီလာတွေလောက်နီးနီးကြည့်လို့ကောင်းပါတယ်။ဒီဇာတ်ကားကိုဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးနဲ့ပြီးဆုံးပြီးခါစကာလမှာအခြေခံရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်တဲ့အတွက်အရင်ခေတ်ကလက်နက်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမဲ့အတွက်ပိုလို့တောင်စိတ်ဝင်စားစရာကောင်းပါတယ်။ဇာတ်လမ်းအစမှာရှီကီရှီမာဆိုတဲ့အသေခံကာမီကာဇေးတိုက်လေယာဉ်မှူးကလေယာဉ်ချို့ယွင်းတဲ့အတွက်အိုဒိုလို့ခေါ်တဲ့လေယာဉ်တွေကိုပြုပြင်ပေးတဲ့စခန်းရှိရာကျွန်းမှာဝင်ပြုပြင်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီညမှာပဲအိုဒိုကျွန်းပေါ်ကိုဂေါ်ဇီလာကြီးရောက်ချလာပြီးအကုန်လုံးကိုဖျက်ဆီးသတ်ဖြတ်သွားပါတော့တယ်။ကံကောင်းထောက်မစွာနဲ့ပဲရှီကီရှီမာကတော့ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးစစ်ကြီးပြီးသွားတဲ့အခါမှာမွေးရပ်မြေကိုပြန်ခဲ့ပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မိဘတွေသေဆုံးသွားပြီဆိုတဲ့သတင်းဆိုးကြီးကရင်၀ကိုဆောင့်ကန်လိုက်ပါတော့တယ်။ဒါပေမယ့်ကံကြမ္မာကသူ့အတွက်အိမ်ခြေရာမဲ့ကောင်မလေးတစ်ယောက်နဲ့ကလေးလေးတစ်ယောက်ကိုလက်ဆောင်ပေးခဲ့တဲ့အတွက်သုံးယောက်သားမိသားစုအဖြစ်နေခဲ့ကြပါတော့တယ်။ ဒါပေမယ့်ကြာလာတဲ့အခါမှာငွေကြေးကြပ်တည်းလာတဲ့အတွက်ရှီကီရှီမာတစ်ယောက်အလုပ်ထွက်လုပ်ရပါတော့တယ်။သူလုပ်ရမဲ့အလုပ်ကစစ်ပွဲတုန်းကထောင်ထားတဲ့ရေမြှုပ်မိုင်းတွေကိုရှင်းပေးဖို့လို့အမည်ခံထားပေမဲ့တကယ်တမ်းမှာတော့ဂေါ်ဇီလာကြီးနဲ့ရင်ဆိုင်ရမဲ့အလုပ်ဖြစ်နေတဲ့အခါမှာတော့သူအရင်တုန်းကအနိုင်မတိုက်နိုင်ခဲ့တဲ့ဂေါ်ဇီလာကြီး သူချစ်ရတဲ့တိုကျိုမြို့ကိုမဖျက်ဆီးဖို့တားဆီးနိုင်ပါ့မလားဆိုတာကိုစိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့တကယ်မိုက်တဲ့ဂျပန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်