7.0
386,114
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.1 GB

Credit

500

The Italian Job (2003)

Action, Crime, Thriller

Credits 500

2003 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Italian Job ဆိုတဲ့ ဟောင်းပေမဲ့ရွှေ Old But Gold ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင် Mark Wahlberg တို့ Jason Statham တို့အပြင်တခြားနာမည်ကြီးမင်းသားတွေလဲအများကြီးပါဝင်ထားပြီးတော့တကယ်ကြမ်းပြီးမိုက်တဲ့ဖောက်ထွင်းဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ဂျွန်နဲ့ချာလီတို့ကအဖွဲ့သားတွေနဲ့အတူတူရွှေချောင်းတွေကိုခိုးယူဖို့အတွက်အစီအစဉ်ဆွဲပြီးအောင်မြင်စွာခိုးယူနိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်ဒုစရိုက်လောကသားတွေဆိုတာကတော့ကိုယ့်အချင်းချင်းတောင်မယုံရဘူးဆိုတဲ့အတိုင်းသူတို့ထဲကတစ်ယောက်ကထဖောက်ပြီးတော့ရွှေချောင်းတွေအကုန်လုံးကိုလုယူသွားခဲ့ပြီးအကုန်လုံးကိုသေအောင်သတ်ခဲ့ပါတော့တယ်။ဒါပေမယ့်ဂျွန်တစ်ယောက်တည်းသေဆုံးသွားခဲ့ပြီးကျန်တဲ့အဖွဲ့သားတွေအကုန်ကံကောင်းထောက်မစွာနဲ့အသက်ရှင်ကျန်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့ကိုသစ္စာဖောက်သွားခဲ့တဲ့လူဆီကရွှေချောင်းတွေကိုပြန်ယူပြီးလက်စားချေဖို့အတွက်ချာလီကသူတို့အဖွဲ့ကိုပြန်စုစည်းခဲ့ပြီးသေဆုံးခဲ့တဲ့ဂျွန်ရဲ့သမီးဖြစ်သူကိုပါခေါ်ထည့်ခဲ့ပါတယ်။ဒါပေမယ့်မြွေမြွေချင်းခြေမြင်ဆိုသလိုသူတို့အဲ့လိုလုပ်မှာကိုလဲတစ်ဖက်ကသစ္စာဖောက်ကကြိုသိနေခဲ့တဲ့အချိန်မှာကြုံလာရမဲ့အခက်အခဲတွေစိန်ခေါ်မှုတွေကိုဘယ်လိုရင်ဆိုင်သွားကြမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။