ဒီကားလေးကတော့ ၂၀၂၁ခုနှစ်မှာ ရိုက်ထားတဲ့ ကိုရိုနာနောက်ခံအချိန်ကို ရိုက်ပြထားတဲ့ ဟောင်ကောင်ဟာသကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ ဟောင်ကောင်က ဂရန်းဟိုတယ်ဆိုတဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးမှာ ရောဂါပိုးကူးစက်ခံရသူတွေပေါ်လာလို့ ဟိုတယ်တစ်ခုလုံးကို ပိတ်ပြီး ဟိုတယ်ထဲရောက်နေတဲ့သူတွေကိုပါ အဲဒီမှာပဲ ကွာရန်တင်း၁၄ရက် ဝင်ခိုင်းတဲ့ ဇာတ်လမ်းလေးပါ
အဲဒီဟိုတယ်ထဲကို ကိစ္စအမျိုးမျိုးနဲ့ရောက်နေတဲ့သူတွေ ၁၄ရက်လုံးလုံး တွေ့ရတဲ့ အခက်အခဲတွေ ဆက်ဆံရေးပြဿနာတွေကို ဟာသနှောပြီး ရိုက်ပြထားပါတယ်
မင်္ဂလာညစာစားပွဲလုပ်ဖို့ လာကြည့်ရင်းနဲ့ ပိတ်မိသွားတဲ့အတွဲရယ် ကောင်မလေးတွေနဲ့ ပျော်ပါးဖို့ လာခဲ့တဲ့သူတွေ ဂိုဏ်းအဖွဲ့ခေါင်းဆောင်တွေနဲ့ ဟိုတယ်သူဌေးစတဲ့ လူတန်းစားမျိုးစုံ ပိတ်မိသွားတဲ့အခါ သူတို့ရဲ့ မတူညီတဲ့ တုန့်ပြန်မှုတွေကို ကြည့်ရတာလည်း အရသာတစ်မျိုးပါပဲ
လူတွေအများကြီးကို တစ်နေရာတည်းမှာ ပိတ်လှောင်ထားတဲ့အခါ ဘယ်လိုပြဿနာတွေဖြစ်လာမလဲ အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမှာလဲ ပြီးတော့ ဟိုတယ်ကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့သူတွေရှိလာတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုနိုင်ပါတယ်
တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းတွေကို ရိုက်ပြထားတာဖြစ်လို့ ရသာမျိုးစုံကို ပေးစွမ်းနိုင်ပြီး ပေါ့ပေါ့ပါးပါးကြည့်နိုင်တဲ့ကားလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားကို အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်