5.3
5,863
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2 GB

Credit

100

Wolf Warrior (2015)

Action, Crime, Thriller

Credits 100

ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ကားလေးကတော့ အက်ရှင်ကားကြိုက်ပရိတ်သတ်ကြီးတို့ သဘောကျကြမဲ့ တရုတ်စစ်ကားလေးပဲဖြစ်ပါတယ်။ IMDB 5.4 ရရှိထားပြီး အပတ်အခတ် အတိုက်အခိုက်တွေကို ရိုက်ပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာ ဇာတ်လိုက်ဖြစ်တဲ့ လန်ဖန်းဆိုတဲ့ လက်ဖြောင့်တပ်သား စနိုက်ပါတစ်ယောက်က သူ့တပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်နေတုန်း တစ်ဖက်က လူဆိုးခေါင်းဆောင်ကို ပစ်သတ်မိသွားပါတယ်။ အမိန့်မရဘဲ ပစ်လိုက်တာဖြစ်တဲ့အတွက် လန်ဖန်းဟာ အဖွဲ့ကနေ အထုတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းကို ဝံပုလွေစစ်သည်တော်များဆိုတဲ့ အထူးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး လုံရှောင်ယွင်က သတိထားမိပြီး လန်ဖန်းကို သူ့ရဲ့ ဝံပုလွေစစ်သည်တော်တပ်ထဲကို ခေါ်ယူခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ လန်ဖန်းဟာ အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ လန်ဖန်းပစ်သတ်လိုက်တဲ့ လူဆိုးခေါင်းဆောင်က တရုတ်သူဌေးကြီးမင်းဒန်ရဲ့ညီ ဖြစ်နေပါတယ်။ မင်းဒန်က လန်ဖန်းကို လက်စားချေချင်တာနဲ့ ဈေးအကြီးဆုံး ကြေးစားစစ်သားဖြစ်တဲ့ တွမ်ကတ်နဲ့ သူ့ရဲ့အဖွဲ့ကို ငှားလိုက်ပါ‌တော့တယ်။ တပ်ဖွဲ့အသစ်ကိုရောက်ပြီး အံဝင်ခွင်ကျဖြစ်အောင်နေနေရတဲ့ လန်ဖန်းက တွမ်ကတ်တို့နဲ့ ထိပ်တိုက်တွေ့ရတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုပေးကြပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်