ဒီကားလေးမှာတော့ ဂျပန်နိုင်ငံကအဆိုတော်ကောင်မလေးတစ်ယောက်ဟာ သူမရဲ့မွေးနေ့မှာ သူ့မသူငယ်ချင်းတွေရဲ့စနောက်မှုကိုအတည်မှတ်ယူသွားပြီး သူမရဲ့အဖေကိုရှာဖို့ ဟောင်ကောင်ကိုလိုက်သွားတာကနေအစပြုထားပါတယ်။ ကျန်တာကတော့ ဟောင်ကောင်မှာ သူ့အဖေကိုရောရှာတွေ့ပါ့မလား။ ဘယ်လိုပြဿနာတွေဖြစ်မလဲ။ တရုတ်စကားလည်းမပြောတတ်တဲ့သူမကဘယ်လို ရှာမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုရုပ်ရှင်အစဆုံးမပျင်းရအောင် ဟာသလေးတွေနှောထားတဲ့အတွက် စိတ်ပြေလက်ပျောက်ကြည့်ရှူဖို့အတွက်ရုပ်ရှင်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ XavierZy ဖြစ်ပါတယ်။