8.2
1,431,168
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

6.9 GB

Credit

500

Shutter Island (2010)

Mystery, Thriller

Credits 500

ဒီmovieလေးမှာ Leonardoဟာ အင်ဒရူးအဖြစ် သရုပ်ဆောင်ထားပြီး ခန့်မှန်းနားလည်ရခက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ပရိသတ်တွေကို ဒီဇာတ်လမ်းမှာ စီးမျောစေမှာပါ…ဇာတ်လမ်းအစမှာတော့ အင်ဒရူး နဲ့ ဂျက် တို့သူငယ်ချင်းနှစ်ယောက် ကျွန်းတစ်ကျွန်းကို သွားနေကြပုံနဲ့ အစချီထားပါတယ်…ကျွန်းပေါ်မှာတည်ထားတဲ့ အကျဉ်းထောင်ပေါ်က အကျဉ်းသူတစ်ယောက် ပျောက်ဆုံးသွားမှုကိုစစ်ဆေးဖို့ အရောက်သွားနေကြတာပေါ့…ကျွန်းပေါ်ရောက်တော့အကျဉ်းသားတွေအားလုံးဟာ လူနာတွေလိုပဲ…သူတို့ကိုတောင် မင်းနားမလည်ပါဘူးကွာ ဆိုတဲ့အကြည့်နဲ့ဝိုင်းကြည့်လိုက်ကြသေး… ကဲ အမှုအကြောင်းစစ်ဆေးတော့လည်း အားလုံးက မသိဘူး ဆိုတာချည်း…ဒီလိုဆို ထွက်ပေါက်မရှိတဲ့ဒီအကျဉ်းခန်းက ဒီဂြိုဟ်သူမ ကဘယ်လိုများ လွတ်မြောက်သွားတာတုန်း ဆိုတာလည်းအဖြေမတွေ့ …ပိုဆိုးတာက အင်ဒရူးကိုယ်တိုင်က…ဝိညာဉ်လိုလို မသိစိတ်လိုလိုပုံရိပ်တွေ တွေ့လာရပြီး…သူကိုယ်တိုင်လည်း ဆေးတွေသောက်လိုသောက်နေတော့…သူပဲရူးသွားပြီလားပုံရိပ်တွေကရော ဘာတွေလဲ…အကျဉ်းသူကလည်း ဘယ်ရောက်သွားလဲ…အစရှိသည်ဖြင့် ပဟေဠိ ဆန်လှတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကိုခံစားရမှာပါ…Rating ကလည်း8.1ဆိုတော့ကာ…တကယ်မိုက်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါကြောင်း…