6.4
5,142
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.8 GB

Credit

200

Young Detective Dee: Rise of the Sea Dragon (2013)

Action, Adventure, Drama

Credits 200

အင်အားကြီးမားတဲ့ထန်မင်းဆက်ကို လာထိပါးလာတဲ့ရန်သူတွေကိုချေမှုန်းဖို့ ထန်ဧကရီဘုရင်မဟာ ရေတပ်စစ်သည်တွေကို စေလွှတ်လိုက်ပါတယ်။ ပင်လယ်ပြင်ကိုထွက်ခွာသွားတဲ့စစ်သင်္ဘောတွေဟာ ထူးဆန်းတဲ့ပင်လယ်မိစ္ဆာကြီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ဧကရီဘုရင်မဟာ ဒီအမှုကိုစုံစမ်းပြီး မိစ္ဆာကြီးကိုချေမှုန်းဖို့ တရားရေးရာဌာန တလီစစ်ကို အချိန်၁၀ရက်ပေးပြီး အဖြစ်မှန်ပေါ်ပေါက်အောင် စေခိုင်းခဲ့ပါတယ်။ မဖော်ထုတ်နိုင်ရင် ခေါင်းဖြတ်ကွပ်မျက်မယ်လို့ အမိန့်ချလိုက်ပါတယ်။ ငယ်ရွယ်ထက်မြက်တဲ့ Dee Renjie ဟာ တလီစစ်ကို တာဝန်ထမ်းဆောင်ဖို့ရောက်လာတဲ့ အမှုထမ်းသစ်တစ်ယောက်ပါ။ သူရောက်လာတဲ့နေ့မှာပဲ ဒီအမှုကိုဖြေရှင်းဖို့ အခွင့်ကြုံလာပါတော့တယ်။ စုံစမ်းစစ်ဆေးမှုလုပ်နေကြချိန်မှာပဲ နောက်ထပ်ပင်လယ်မိစ္ဆာတစ်ကောင်ထွက်ပေါ်လာတဲ့အခါ ဒီထူးဆန်းတဲ့မိစ္ဆာနှစ်ကောင်ရဲ့ နောက်ကွယ်ကအဖြစ်မှန်တွေကို ပြိုင်ဘက်ကင်းစုံထောက် Dee Renjie ဖော်ထုတ်ပုံတွေကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြပါစို့။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။