6.7
5,464
...

Video Quality

Blu-ray 1080p

Audio Quality

E-AC3 5.1

File Size

2.7 GB

Credit

100

November (2022)

Crime, Drama, Thriller

Credits 100

Imdb 6.9/10ရထားပြီး Rotten tomatoesမှာ 67%ရထားတဲ့ဒီမှုခင်းစုံထောက် ရုပ်ရှင်ဟာ ကြည့်ဖို့အတွက် ထွေထွေထူးထူးတိုက်တွန်းစရာလိုတော့မယ်မထင်ပါဘူး။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ဒီရုပ်ရှင်မှာ နိုဝင်ဘာ ၁၃ရက်ကနေစပြီးငါးရက်အတွင်း ပြင်သစ်နိုင်ငံရဲ့ ရဲတွေစုံထောက်တွေစစ်တပ် အပါအဝင်တစ်နိုင်ငံလုံးဟာ သောကြာနေ့ညမှာ လူပေါင်း၁၃၁ယောက်ကိုအကြမ်းဖက်သမားတွေ သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ပူဆွေးဝမ်းနည်းဒေါသထွက်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာရှိနေတဲ့ ပဲ့ကိုင်ရှင်တွေကဘယ်သူတွေလဲ ဆိုတာကို စုံထောက်တွေစုံစမ်းရှာဖွေတာတွေ စစ်ဆင်ရေးလုပ်တာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ အကြမ်းဖက်မှုတွေရဲ့နောက်ကွယ်က ဘာသာရေးအစွန်းရောက်မှုတွေ နိုင်ငံရေးတွေအပြင် လူတွေရဲ့ခါးသီးလှတဲ့ အမုန်းတရားတွေအာဃာတတွေကိုလည်း ဒီရုပ်ရှင်ဟာ ကွက်ကွက်ကွင်းကွင်း ဖော်ပြသွားနိုင်တယ်ပဲပြောရမှာပါ။ မှုခင်းစုံထောက်ဇာတ်လမ်းတွဲတွေကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအဖို့တော့ ဒီရုပ်ရှင်ဟာလက်မလွှတ်ပဲကြည့်ရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Director Cédric Jimenez ကရိုက်ကူးထားပြီး ပါဝင်ထားတဲ့သရုပ်ဆောင်တွေဟာလည်း သဘာဝဆန်ပြီး ဇာတ်လမ်းထဲမျောပါသွားစေနိုင်လောက်တဲ့ ရိုက်ချက်တွေနဲ့အတူ ဒီဇာတ်လမ်းလေးကိုလက်မလွှတ်တမ်း ကြည့်ရှုဖို့ပြောရင်းနဲ့ပဲ တင်ဆက်ပေးလိုက်ရပါတယ်ဗျာ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tissue ဖြစ်ပါတယ်