6.4
14,636
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.1 GB

Credit

100

Gonjiam: Haunted Asylum (2018)

Horror

Credits 100

Horrorရုပ်ရှင်ကြိုက်တတ်သူတွေတော့ 2018လောက်မှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားလေးကိုမှတ်မိလောက်မယ်ထင်ပါတယ်။ ကြည့်ပြီးသူရော မကြည့်သေးသူများလည်း ရှိလောက်ရောပေါ့။ များများစားစား ညွှန်းပေးစရာမလိုလောက်တဲ့ဇာတ်ကားလေးကို အနည်းအကျဉ်းလေး မိတ်ဆက်ပေးချင်ပါသေးတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဂွန်ဂျီအမ်စိတ္တဇဆေးရုံဟောင်းကြီးတည်ရှိပြီး အဲ့ဒီဆေးရုံဟာ ကြောက်လန့်ဖွယ်ရာနောက်ကြောင်းတွေ ကောလဟာတွေနဲ့ပြည့်နှက်နေတဲ့နေရာပါ။ ကောလဟာလတွေအမျိုးမျိုးထွက်တဲ့ကြားက ကြောက်စရာနေရာကိုမှ သွားရောက်ပြချင်သူ စိန်ခေါ်ပြချင်သူတွေကလည်း အမြောက်အများပေါ့။ ဆေးရုံဟောင်းကြီးထဲဝင်သွားတဲ့သူတိုင်း တစ်ခုမဟုတ်တစ်ခု ကြုံဆုံရတာကိုလည်း လူတိုင်းအသိ ဟိုးလေးတစ်ကျော်ပါပဲ။ အဲ့ဒါကိုမှ ဟော်ရာတိုင်းမ်(Horror Times)လို့ခေါ်တဲ့အဖွဲ့ဟာ သရဲရှာဖွေရေးလိုမျိုး အဖွဲ့ပုံစံမျိုးဖြစ်ပြီး အဲ့ဒီဆေးရုံကြီးထဲ ရိုက်ကူးရေးလုပ်ဖို့ကြိုးစားပါတော့တယ်။ ကောလဟာလတိုင်းဟာ ဖြစ်နိုင်ချေနှစ်ုရှိနိုင်တာကို သိထားရပါမယ်။ မဟုတ်မမှန်သတင်းဖြစ်နိုင်သလို အမှန်တကယ်ဖြစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အံတုချင်တဲ့လူငယ်တစ်အုပ်စု ဘယ်လိုစိန်ခေါ်ပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။ အများကြီးညွှန်းလိုက်ရင် Spoilရာရောက်သွားပါလိမ့်မယ်။ ဒီဇာတ်ကားလေးထဲမှာ ခု နှစ်ထဲ နာမည်ရဇာတ်ကားတွေဖြစ်တဲ့ Squid Gameနဲ့ Bad and Crazyဇာတ်ကားတို့ရဲ့မင်းသား Wi Ha Joonလည်း သရုပ်ဆောင်ထားတာမလို့ သူ့ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့သူတွေအဖို့ အဆင်ပြေစေမှာပါ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zane ဖြစ်ပါတယ်