6.4
177,227
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

Need for Speed (2014)

Action, Crime, Thriller

Credits 200

အသစ်ထွက် Need For Speed (2014) ရုပ်ရှင်သွားကြည့်ဖြစ်ခဲ့တယ်။ ဇာတ်ကားက ပြိုင်ကား Crazy တွေအရမ်းကြိုက်နှစ်သက်မယ့် ဇာတ်ကားပုံစံပါ။ Fast & Furious ဇာတ်ကားထက်တောင် လန်းပါသေးတယ်။ ဒါကမှ တကယ့်ပြိုင်ကားဇာတ်လမ်းစစ်စစ်လို့ပြောရမှာပါ။ ဇာတ်ကားတစ်ခုလုံး ပြိုင်ကားတွေယှဉ်ပြိုင်မောင်းနှင်တဲ့ အပေါ်မှာပဲ ဇာတ်အိမ်တည်ဆောက်ထားပြီး စိတ်ရှုပ်ရှားဖွယ် Action ၊ ဝမ်းနည်းဖွယ် ဇာတ်ဝင်ခန်း ၊ ဟာသပုံစံဇာတ်ဝင်ခန်းများနဲ့ကောင်းမွန်လှတဲ့ ဒီဇာတ်ကားမှာ ဒေါ်လာသန်းချီတန်တဲ့တန်ဖိုးကြီးပြိုင်ကားအစုံနဲ့ မောင်းနှင်ယှဉ်ပြိုင်မှုတွေကို ဒီဇာတ်ကားမှာတွေ့မြင်ရမှာပါ။ ဇာတ်ကားအစပိုင်း တန်ဖိုးကြီး ပြိုင်ကားသုးံစီးပြိုင်ရာမှာ ပြိုင်ကားတစ်စီးမီးလောင်သွားတဲ့အခန်းဆို တကယ်အသက်ဝင်လွန်းလို့ ကားတိုက်မီးလောင်ပြီးသေသွားတဲ့ Fast & Furious မင်းသား Paul Walker ကိုတောင်သွားသတိရမိသေးတယ်။ မင်းသား Tobey Marshall က ပြိုင်ကားမောင်းနှင်လူသေမှုနဲ့ ထောင်ကျသွားပြီး ထောင်ကထွက်လာတဲ့အချိန်မှာပြိုင်ကားမီးလောင်ပြီးသေသွားခဲ့တဲ့သူ့လူအတွက် ပြိုင်ကားမောင်းပြိုင်ပွဲအနေနဲ့ သူ့ရဲ့ပြိုင်ဘက် Dino ကို ပြန်လည်လက်တုံပြန်လက်စားချေတဲ့အခန်းဟာလည်း ပြိုင်ကားတွေကရှေ့ကပြေး ရဲကားတွေကနောက်ကလိုက်နဲ့ တော်တော်ကြည့်လို့ကောင်းပါတယ်။ နောက်ဆုံးဇာတ်သိမ်းပိုင်း မင်းသားက ရဲအဖမ်းခံလိုက်ရပေမယ့် သူ့ရဲ့သေသွားတဲ့ လုပ်ဖော်ကိုင်ဖက်အတွက် လက်တုံ့ပြန်နိုင်လိုက်လို့ ဝမ်းနည်းဝမ်းသာနဲ့ မျက်ရည်ကျတဲ့အခန်းဆို ကိုရီးယားကားကြည့်နေရတဲ့အတိုင်းပဲ။