7.7
86,206
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

6 GB

Credit

500

Beasts of No Nation (2015)

Drama, War

Credits 500

"ကျည်ဆံတွေက အရာအားလုံးကိုစားတယ်။ သစ်ရွက်တွေ၊ သစ်ပင်တွေ၊ မြေပြင်၊ လူ။ လူတွေကို နေရာမရွေးသွေးထွက်စေတယ်။" (အာဂူ) ‌မမျှော်လင့်ဘဲ ကလေးစစ်သားဘ၀ရောက်ခဲ့ရတဲ့ ကလေးငယ်ရဲ့ ရင်တွင်းစကားပါ။ အာဂူဆိုတဲ့ကောင်လေးဟာ အလုပ်ကြိုစားတဲ့အမေ၊ ကျောင်းဆရာအဖေ၊ အဘိုး၊ အစ်ကို၊ ညီမတိုနဲ့ ရွာလေးတစ်ရွာမှာနေထိုင်သူပါ။ ‌အနောက်အာဖရိကမှာ ပြည်တွင်းစစ်ဖြစ်နေပေမဲ့ သူတိုရွာဟာ ကြားခံနယ်ဖြစ်တာကြောင့် စစ်ဒဏ်ကိုသိပ်မခံစားရပါဘူး။ ပျော်တတ်၊ အဆန်းထွင်တတ်တဲ့ အာဂူလေးဟာလည်း ကလေးပီပီအဆော့သန်သူပါ။ တစ်နေ့မှာ ပြည်တွင်းစစ်မီးဟာ သူတိုရွာလေးကိုကူးစက်လာချိန်မှာတော့ အာဂူတိုရဲ့မိသားစုဘ၀ဟာ ‌ဂျွမ်းထိုး‌မှောက်ခုံဖြစ်သွားပါတော့တယ်။ အာဂူတစ်ယောက် အသက်လုပြေးရင်း တောထဲမှာ NDF တပ်ဖွဲတစ်ဖွဲနဲ့သွားတွေ့ပါတယ်။ အဲဒီကစလို ပျော်ပျော်ကြီးဆော့ကစားနေရမယ့် အာဂူဘ၀လေးဟာ ကလေးနဲ့မမျှတဲ့ ပြောင်းလဲမှုကြီးကို ကြုံကြိုက်ရပါတယ်။ ဆိုးဝါးရက်စက်မှုတွေနဲ့ မတန်တဲ့ကလေးဘ၀ကို အာဂူဘယ်လိုရင်ဆိုင်ရမလဲဆိုတာ...။ IMDb rating 7.7/10 ရရှိထားပြီး တကယ်လည်းစိတ်၀င်စားစရာကောင်းတာမို ကြည့်ကြည့်ကြပါနော်။ ကလေးစစ်သားလေးတစ်ယောက်ရဲ့ဘ၀ကို မယုံနိုင်စရာ အံ့ဩလောက်စရာ ပုံဖော်ထားတာမို မျက်ရည်ခိုင်မှကြည့်ကြဖိုလည်း သတိပေးလိုက်ပါရစေ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Scarlett-Joe ဖြစ်ပါတယ်