6.5
245,341
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.3 GB

Credit

500

Silent Hill (2006)

Horror, Mystery

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Silent Hill လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် အမုန်းတရားတွေပြည့်နေတဲ့ဝိညာဉ်က ကလဲ့စားချေဖို့ ပြန်လာတဲ့ ကြောက်စရာ Horror ဇာတ်လမ်းဖြစ်ပါတယ်။ "မိခင်ဆိုတာ ကလေးတစ်ယောက်ရဲ့မျက်လုံးထဲမှာ ဘုရားသခင်ပါပဲ"ဆိုတဲ့ အဓိပ္ပါယ်ကိုပါ သဘောပေါက်စေမှာပါ။ ရို့စ်နဲ့ခရစ်စ်တို့က မိဘမဲ့ဂေဟာကနေ ရှာရွန်ဆိုတဲ့ကလေးမလေးကို မွေးစားခဲ့ပါတယ်။ ဒါမဲ့ ရှာရွန်က ညတိုင်းအိပ်မက်ဆိုးမက်ပြီး "Silent Hill" လို့အော်နေခဲ့ပါတယ်။ အိပ်ရင်းလည်း လမ်းတွေ ထလျှောက်တတ်တဲ့အတွက် သူ့အတွက်အဖြေရှာဖို့ ရို့စ်က ရှာရွန်ကို ခေါ်ပြီး West Virginia က Silent Hill ဆိုတဲ့ မြို့လေးဆီ ထွက်လာခဲ့ပါတယ်။ အဲ့အချိန်မှာ ခရစ်စ်က website တွေဖတ်ရင်း Silent Hill က လွန်ခဲ့တဲ့အနှစ် ၃၀တုန်းက မီးအကြီးအကျယ်‌ လောင်ခဲ့ပြီး သရဲတအားခြောက်တဲ့နေရာလို့ တွေ့ရတဲ့အတွက် ရို့စ်ကို ပြန်လာခိုင်းပေမယ့် သမီးအတွက် အကူအညီရချင်တဲ့ရို့စ်က မြို့ထဲဆက်ဝင်သွားခဲ့ပါတယ်။ဒါမဲ့ အမြန်လမ်းမှာ ကား‌အက်ဆီးဒင့်ဖြစ်ပြီး သတိရလာတော့ ရှာရွန်က ပျောက်ဆုံးနေပါပြီ။ ကလေးဇောနဲ့ ရှာရွန်ကို မီးခိုးပြာတွေ ဖုံးနေတဲ့မြို့မှာ လိုက်ရှာနေတဲ့ ရို့စ်က ရဲအရာရှိ ဘန်းနက်နဲ့ဆုံပြီး အကူအညီတောင်းခဲ့ပါတယ်။ ရှာရွန်ထားခဲ့တဲ့ သဲလွန်စတွေနောက်လိုက်ရင်း နောက်ဆုံးမှာ ရှာရွန်က ဘယ်သူလဲ...ဘာအတွက်ကြောင့် Silent Hill ကို ပြန်လာတာလဲ...ဒီမြို့ရဲ့အတိတ်မှာ ဘယ်လို ကြောက်မက်ဖွယ် ဖြစ်ရပ်ဆိုးတွေ ကြုံခဲ့တာလဲဆိုတာ ဆက်ပြီး အားပေးနိုင်ပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်