ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ အက်ရှင်ကားကြိုက်သူတွေ အတွက် 2014 မှာ ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား အက်ရှင်ကားတစ်ကားဖြစ်တဲ့ The Raid 2 ပဲ ဖြစ်ပါတယ်။ ရာမာဆိုသူဟာ အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုကိုမှာ ပတ်သတ်နေတဲ့ နိုင်ငံရေးသမားတွေရဲ့ လာဘ်ပေးလာဘ်ယူမှုကို ဖော်ထုတ်ချင်တဲ့အတွက် ရူဒါဆိုတဲ့ ထောင်ထွက်တစ်ယောက်အဖြစ် ရုပ်ဖျက်ပြီး သူတို့ရဲ့ အသိုင်းအဝိုင်း အတွင်းကို ဝင်ခဲ့ပါတော့တယ်။ သူထင်ထားတာထက် နိုင်ငံရေးသမားတွေရဲ့ လောကက ပိုပြီး ရှုပ်ထွေးနေတဲ့အခါ သူ့အစ်ကိုကို သတ်လိုက်တဲ့ ဘယ်ဂျိူရဲ့ မကောင်းမှုတွေကို ဖော်ထုတ်နိုင်မလား။ ရဲဘက်ကရော သူတို့လ်ုချင်တဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ကားထဲပါဝင်တဲ့ သွေးထွက်သံယို အခန်းတွေကတော့ အနည်းငယ် ကြမ်းတမ်းတာဖြစ်လို့ R-rated အဖြစ်သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။