8.0
19,453
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Castaway on the Moon (2009)

Comedy, Drama, Romance

Credits 200

ဒီတစ်ခေါက် တင်ပေးမှာကတော့ Castaway on the moon ဇာတ်ကားလေးပါ။ ဒီကားလေးက Tom Hank သရုပ်ဆောင်ခဲ့ပြီး oscar ရခဲ့တယ့် Castaway လိုဇာတ်လမ်းမျိုးလေးပါ။ ဒါပေမယ့်ဒီကားက ဟာသနဲ့ပေါင်းထားပါတယ်။ ဒီဇာတ်ကားက IMDb Rating 8.1 ၊Rotten Tommatoes 93%၊ AsiaWiki Rating 93% တို့နဲ့Rating အမြင့်ကြီးတွေရရှိထားပါတယ်။ Tom Hant ကားထက် IMDb Rating ပိုမြင့်ပါတယ်။ ဒီကားကို ၂၀၀၉ ခုနှစ်ကပြသခဲ့ပြီး အဓိက မင်းသားဂျောင်ဂျေရောင်း နဲ့ အဓီကမင်းသမီး ဂျောင်းယိုဝန်း တို့ကသရုပ်ဆောင်ထားပါတယ်။ Budget 5မီလီယံ နဲ့ရိုက်ကူူးခဲ့ပြီး Box Officeမှာ ၃၇ မီလီယံ ပြန် လည်ရရှိခဲ့ပါတယ်။ တစ်ကားလုံးကု ၁၁၆ မိနစ်ကြာ ပြီး တစ်မှုထူးခြားတယ့် ဇာတ်ကောင်စရိုက်တွေနဲ့ ဖွဲ့ စည်းထားပါတယ်။ နိုင်ငံတကာနာမည်ကြီးတယ့်ရုပ်ရှင်ပွဲတော်တွေအပါဝင် ရုပ်ရှင်ဆုပေးပွဲ ၈ခုမှာ ဇကာတင်ဆုအတွက် ဆု ၁၁ ဆု ဝင်ထားနိုင်ခဲ့ပြီး ၆ ခုကိုတော့ ရရှိခဲ့ပါတယ်။အနုပညာပိုင်းမှာ အတော် လေးအောင်မြင်ခဲ့တဲ့ဇာတ်ကားပါ။ဒီဇာတ်ကားကို မှာအဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကတော်တော်လေး သရုပ်ဆောင်ကောင်းပါတယ်။Tom Hank ရိုက်ထားတယ့် Castaway လိုကားမျိုးကိုကြိုက်ဒီကားကိုကြည့်ပါလို့ပြောချင်ပါ တယ်။ဒီဇာတ်ကားက ယနေ့ဇာတ်လူ မှု့ဘဝတွေ မှာတွေ့ကြုံနေရတယ့် ပြသနာ နဲ့ လူတွေ သတိမထားမိပေမယ့်အမှန်တကယ် ထူးဆန်းပြီး ရုပ်ရှင် ဆန်ဆန် ဘဝတွေ ရှိနေသေးတယ်ဆိုတာကိုဖော်ထုတ်ပြသပေးထားပါတယ်။သူတို့ဘဝလေးနဲ့ သူတို့တော့အဆင်ပြေပြီး အေးအေးချမ်းချမ်း ရှင်သန်ပုံနေတွေ ၊ လူဆိုတယ့် သတ္တဝါတွေက နောက်ဆုံး ဘာမှအားကိုးစရာမရှိတော့ဘူးဆိုရင် ကိုယ်စွမ်းကိုယ်စ တွေ သူ့အလိုလို ထွက်ပေါ်လာ တက်ပုံတွေကို တွေ့မြင်ခဲ့ရပါတယ်။ နောက်တစ်ချက် ဒီဇာတ်ကားရဲ့ Hiigh light လို့ပြောလို့ရမယ် ဇာတ်ဝင်ခန်းကတော့ ကျွန်တော်လဲ သဘောကျမိတယ့်အတွေးခေါ်လေးတွေကို ပြသထားပါတယ်။ မင်းသားက သူ ပဲခေါက်ဆွဲ အသေအလဲစားချင် နေတာကို မင်းသမီးကတွေ့သွားတော့ ပဲခေါက်ဆွဲ delievery ကို သွားပို့ခိုင်းလိုက်ပါတယ်။ဒါပေမယ့် မင်းသားက အမျိုးမျိုးပဲခေါက်ဆွဲတွေ ကိုတွေ့ပြီး မစားဘဲအကုန်ပြန်ပေးလိုက်ပါတယ်။ ကောင်မလေးဆီ ပြန်ပြောလိုက်တယ့်စကားကတော့” ပဲခေါက်ဆွဲဆိုတဲ့ မျော်လင့်ချက်နဲ့ဒီနေ့အထိရှင်သန်ရပ်တည်နေတာပါ ၊သူ့မျော်လင့်ချက်ကိုဘဲ ဆက်လုပ်သွားမယ်” ဆိုပြီး ပြန်ပေးလိုက်ပါတယ်။ လူတိုင်က မျော်လင့်ချက်ကိုစီနဲ့ ရှင်သန်နေကြပြီး မျော်လင့်ချက်တွေ ကုန်ဆုံးသွားတယ့် တစ်နေ့မှာ လမ်းပျော်ကသလို ခံစားရနိုင်တာကိုလဲ တွေ့ရပါတယ်။မျော်လင့်ချက် ရှိနေသရွှေ့အသက်ရှင်ရတာ အဓိပ္ပယ်ရှိပါတယ်။ မျော်လင့်ချက်ဆိုတာကလဲ သေခါမှာပျောက်ကြမှာပါ။ဒီကားရဲ့ဇာတ်လမ်းပိုင်းက မင်းသားက အကြွေးလည်ပင်းနစ်လာ တော့ကိုယ်ကိုကိုယ်သတ်သေဖို့ လုပ်ပါတယ်။သတ်သေဖို့အတွက် ဟန်မြစ်တံတား ပေါ်က ခုန်ချလိုက် ကံကောင်းချင်တော့ မသေဘဲ ကျွန်းတစ်ကျွန်းပေါ်ရောက်သွားပါတယ်။အဲဒီကျွန်းကလဲ တစ်ခြားဇာတ်ကားတွေကလို သုမုဒ္ဒရာအလယ် မှာတော့မဟုတ်ပါဘူး။ဆိုးလ်မြို့ ဟန်မြစ်ပေါ်မှာ သောင်ထွန်းနေတယ့် ကျွန်းလေးတစ်ခုဘဲဖြစ်ပါတယ်။ မြို့ထဲမှာဘဲ ရှိနေပေမယ့် အော်လဲ ဘယ်သူမှမကြားရ ပါဘူး။အဲ့လိုနဲ့ပြန်ဖို့လမ်းစမြင်တော့ သတ်သေဖို့ အကြိမ်ကြိမ်ပြန်ကြိုးစားပြီး မလုပ်နိုင်ခဲ့ပါဘူး။ မသေတော့ အသက်ရှင်ဖို့လုပ်ရပါတော့တယ်။ရှင်သန်ဖို့ အတွက်ဝမ်းစာရှာပုံတော်ဖွင့်ရပါတယ်။တစ်နေ့မှာ သူအသင့်စားပဲခေါက်ဆွဲထုပ်အခွံကိုတွေ့ပြီး ကတည်းက ပဲခေါက်ဆွဲစားရဖို့ရေးအကြံပေါင်စုံ ထုတ်ပါတော့တယ်။ အဲ့လို လူစည်ကားတယ့်မြို့အနားမှာရှိတဲ့ကျွန်းလေးပေါ်မှာ ထူးထူးဆန်းဆန်း သူများနဲ့ မတူလုပ်နေတာကို ကောင်မလေး တစ်ယောက်က ကင်မရာကနေတွေ့သွားပါတယ်။ ကောင်မလေးကလဲ ထူးဆန်းတယ့် သူပါဘဲ။သူထူးဆန်းပုံကတစ်မျိုးပါ၊ အခန်းထဲကအပြင်မအထွက်၊လူတွေနဲ့ မတွေ့တာ ၃ နှစ် ကြာခဲ့ပါပြီ။ဘယ်သူဆိုဘယ်သူနဲ့မှမတွေ့ဘဲ အခန်းထဲမှာ သူ့တစ်နေ့တာ အစီစဉ်တွေအတိုင်းဖြတ်သန်းပြီးအချိန်တွေ ကိုကုန်ဆုံးနသူပါ။သူမှာဘယ်လို အတိတ်ရှိခဲ့လဲမသိပေမယ့်လူကြားထဲမသွားရဲ တော့တယ့်အရာတစ်ခု ဖြစ်နေလို့ ဘယ်သူနဲ့မှမတွေ့တော့ဘဲအမှိုက်ပုံလို အခန်းထဲမှာ နေထိုင်နေသူလေးပါ။ တစ်နေ့တော့သူတို့ကောင်မလေးက ဂြိုလ်သားလို့ခေါ်တယ့် ထူးထူးဆန်းဆန်း ကျွန်းပေါ်ကလူကိုတွေ့သွားပြီး စာနဲ့ဆက်သွယ်ဖို့ စလုပ်ပါတယ် ။အဲလို့နဲ့ ထူးထူးဆန်းဆန်းလူနှစ်ယောက်ရဲ့ ဖော်ပြလို့မရတဲ့သံယောဇဉ် ခေါ်မလား မေတ္တာစစ် ခေါ်မလား အချစ်စစ်ခေါ်မလား ဖြစ်မိသွားနေကြပါတယ်။ကျွန်း ပေါ်သောင်တင်နေတယ့် လူထူးဆန်း ကပဲခေါက် ဆွဲကိုလုပ်နိုင်သွားမလား ၊ အကူအညီရပြီး မြို့ပေါ် ရောက်သွားမလာ၊ ကျွန်းပေးမှာ သေသွားမလား၊ ကောင်မလေးကရော သူ့တစ်နေ့တာကိုဘယ်လို ထူးထူးဆန်းဆန်းနေထိုင်ပြီး ကျွန်းပေါ်ကလူနဲ့ တွေ့ဆုံနိုင်မလား၊ကွဲကွာသွားမလား ၊ တစ်ခြား ဘယ်လို ဟာသတွေ ၊စိတ်ဝင်စားစရာတွေ ၊ တွေးတောစရာ တွေ တွေ့နိုင်မလဲဆိုတာ ရုပ်ရှင်ထဲမှာကိုယ်တိုင်ခံ စားပြီး စဉ်းစားကြည့်လိုက်ပါ။P.S / Rating များဒါရယ် ၊ ဇာတ်အိမ်က ကောင်းတာရယ် ၊သရုပ်ဆောင်ပီပြင်တာရယ်၊ ပေးချင်တယ့် အချက်ကို ထိထိမိမိပြနိုင်တာရယ်ကြောင့်ကြည့်သင့် တယ့်ကားပါ။ တစ်ကားလုံးမှာ လူ နှစ်ယောက်တစ် ပိုင်းဘဲ သရုပ်ဆောင်သုံးထားပါတယ်။