5.8
264,997
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.8 GB

Credit

200

Noah (2014)

Action, Adventure, Drama

Credits 200

ကြမ်းကြမ်းရမ်းရမ်း Noah ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာဖြစ်ပြီး ဖန်ဆင်းရှင် နဲ့ ဖန်ဆင်း မှု ဆိုတာ ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ Noah ရဲ့ နဂို မူလဇာတ်လမ်းကိုပဲ ရိုက်ကူးထားပေမယ့် ဒီကားက လူတွေရဲ့ ယုတ်မာ ရက်စက်မှုတွေ၊ ကြမ်းကြုတ်မှုတွေကို အသားပေး ပြထားပြီး ဒါကြောင့်လည်း ကမ္ဘာကြီးကို သန့်စင်ပစ်ဖို့ မကောင်းတဲ့ သူတွေကို ဖျက်ဆီးပစ်ပြီး အပြစ်မရှိတဲ့ သူတွေကိုပဲ အစကနေပြန်စ နိုင်အောင် ဖန်ဆင်းရှင်က ရေတွေကြီးစေပြီး ကမ္ဘာကြီးကို ရေလွှမ်းသွားစေခဲ့ပါတယ်။ ကျွန်တော်တို့ ကလေးဘဝက ဖတ်ဖူးတဲ့ Noah ပုံပြင်ကတော့ ဖန်ဆင်းရှင်က ရေဘေးကပ်ဆိုက်တော့မှာ ဖြစ်လို့ Noah က Ark တစ်ခု တည်ဆောက်ပြီး သူ့အနီးက လူတွေကို ကယ်တင်ခဲ့ပါတယ်။ အဲ့လို ဆောက်နေတုန်းမှာလည်း သူ့ကို ဘယ်သူကမှမယုံကြပါဘူး။ နောက်ဆုံး ကြမှ သူတို့ မိသားစုက လူသားတွေကို တတ်နိုင်သလောက်ကူညီခဲ့ကြပါတယ်။ ဒီကားမှာတော့ ကျွန်တော် ခုနကပြောခဲ့တဲ့ အပြစ်ရှိသူဆိုတာ Noah တို့အပါအဝင် လူသားတွေအားလုံးဖြစ်ပြီး၊ လူသားတွေကြောင့် ကမ္ဘာကြီးက ပျက်ဆီးတော့မှာဖြစ်လို့ လူသားတွေအကုန် ကို ဖျက်ဆီးဖို့ ရေကြီးပေးတာဖြစ်ပါတယ်။ အပြစ်မရှိတာကတော့ တိရိစ္ဆာန်တွေဖြစ်ပြီး Noah က လှေဆောက်ပြီး တိရိစ္ဆာန်တွေကို ကယ်တင်ပေး ရတာဖြစ်ပါတယ်…. လှေကို လာလုတဲ့ လူတွေနဲ့ လှေကို ဆောက်ပေးထားတဲ့ Stone Giant တွေ ချတဲ့အခန်း၊ လူတွေကို Stone Giant တွေက ရိုက်သတ်တဲ့အခန်းတွေပါသလို၊ Noah ကိုယ်တိုင်က လူသားတွေက အပြစ်ရှိသူတွေ၊ တိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကြသလို၊ အချင်းချင်းလည်း သတ်ဖြတ် အနိုင်ကျင့်ကြလို့ လူသားတွေ အားလုံး အသက် မရှင်သင့်တော့ဘူးလို့ ခံယူထားပြီး ဘယ်သူ့ကိုမှ မကယ်တင်ပါဘူး။ ဒါ့အပြင် သူ့ရဲ့သားတွေကိုတောင်မှ မိန်းမမယူစေပဲ တစ်ယောက်ထဲ သေတဲ့အထိ နေသွားရမှာဖြစ်ပြီး နောက်ဆုံး လူဆိုပြီး မကျန် တော့ အောင် လုပ်ဖို့ အထိ ဖန်ဆင်းရှင်စကားကို နားထောင်သူဖြစ်ပါတယ်။ ဇာတ်ကားက စိတ်ဝင်စားဖို့ကောင်းပေမယ့်၊ ဖန်ဆင်မှု အကြောင်း ကို အဓိက ရိုက်ကူးထားတာကြောင့် ဘာသာ ရေး အယူ မသီးပဲ ဒီတိုင်းပဲ သွားကြည့်ဖို့ အကြံပေးပါရစေ။ ဇာတ်လမ်းကလည်း သိနေပြီးသားဖြစ်သလို ထူးထူးခြားခြား လှည့်ကွက်လည်း နည်းပါတယ်။ အထူးသဖြင့် ဘာသာရေးနည်းနည်း ဆန် နေလို့ ဇာတ်ကားကောင်း တစ်ကား တော့ ဖြစ်မလာပါဘူး။ အိုင်ဒီယာ ကောင်း၊ graphic ကောင်းကောင်း နဲ့ ရိုက်ထားပေမယ့်၊ ၂ နာရီကျော် ကြာတဲ့ ဇာတ်ကားမှာ အက်ရှင် ဇာတ်ဝင်ခန်း ကောင်း ကနည်းနည်းပဲ ပါလိ့ု ပျင်းစရာတော့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းလို့ သွားတော့ကြည့်ဖူးသင့်ပါတယ်။ ဘာသာရေး အမြင်နဲ့ကြည့်ရင်တော့ ဇာတ်ကားကောင်း ဖြစ်မှာမဟုတ် ပေမယ့်၊ သာမန်ကားတွေထက်တော့ သာတယ်လို့ပြောလို့ရပါတယ်။