5.4
264,309
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

Batman Forever (1995)

Action, Adventure

Credits 200

ကျွန်တော်က Bruce Wayneပါ။ ဂေါ်သမ်ရဲ့ သူဋ္ဌေးသားလေး တစ်ယောက်ပေါ့။ ဂေါ်သမ်မြို့ရဲ့ သန်းခေါင်ယံမှာ ပျံသန်းနေတတ်တဲ့ လင်းနို့တစ်ကောင်လည်း ဟုတ်တယ်။ ဒါလည်း ဘောစိမို့ ပျံနိုင်တာပါ။ ဝတ်စုံတွေက ဈေးကြီးတယ်ဗျ။ တစ်ချို့နေ့တွေမှာ ဆင်းရဲသားတွေလို စက်ဘီးပေါ်မဟုတ်ပဲ ဈေးကြီးပေးဝယ်လို့တောင်မရတဲ့ BatMobile ပေါ် ကြေကွဲနေခဲ့တယ်။ သေလွန်ခဲ့ပြီးသော မိဘတွေအကြောင်းကို ဆွေးရင်းပေါ့။ ကျွန်တော့် အတိတ်ကို ကျွန်တော် ခြေရာကောက်ကြည့်တယ်။ ကျွန်တော် လက်စားချေချင်စိတ်ကို အစပြုပြီး ကျွန်တော်ရဲ့ Batman ဖြစ်တည်မှုက အစပြုခဲ့တယ်။ ကျွန်တော်လည်း လူသားပဲလေ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ လူတွေကို ဘယ်ရွေ့ ဘယ်မျှအထိ ကယ်မနေရဦးမလဲ။ ကျွန်တော်လည်း မယားတရူးချင်သေးတယ်လေ။ မိန်းမတစ်ယောက်နဲ့ ဇိမ်လေးနဲ့ နှပ်… ဘော်ကြော့နေနေကြည့်ချင်သေးတယ်။ အတိတ်ဆိုတာ ပလိပ်(Police)လိုပါပဲ..လုပ်ဖူးတဲ့မကောင်းမှုတွေဆိုတာ ထပ်ကြပ်မကွာလိုက်လာတတ်တယ်။ ကျွန်တော် ကိုယ့်နေရာကိုယ်မနေပဲ ရန်သွားစထားခဲ့တဲ့ လူဆိုးတွေဟာ ကျွန်တော် အေးဆေးမနေရအောင် လုပ်ပြန်တယ်။ ထားပါ ထားပါ..ဇာတ်သိမ်းကိုခင်ဗျားတို့သိပါတယ်… အဆုံးမှာတော့ စူပါဟီးရိုးကားပီပီသသ စော်လေးကိုပစ်ပြီး အထီးကျန်ဟီးရိုးကြီးလုပ်ရဦးမှာပဲမလား။ ရုပ်ရှင်ပဲလေ..ကျွန်တော်ကလည်း Mtvရိုက်တဲ့ ဖိုးလပြည့် ပရဟိတလုပ်တဲ့ Bruce Wayneကိုး။ မဆိုးလှပါဘူး ကျွန်တော့်ကိုအထင်ကြီးတဲ့လူပေါသားဗျ။ ဘဝဆိုတာ ဒီလိုပဲပေါ့ ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်..ဗျာ။ ဒီ Batman ရုပ်ရှင်ကို Tim Burton Producerလုပ်ထားပြီး Val Kilmer, Jim Carrey နဲ့ Nicholas Kidmanတို့ Manin cast အဖြစ်ပါထားပါတယ်။ Batmanရဲ့ Popular Villan တွေထဲက Riddler နဲ့ Two-facesကို သုံးထားပြီး sidekick အနေနဲ့ Dick Graysonရဲ့ Robinကို သုံးသွားပါတယ်။ Nicholas Kidmanရဲ့ ငယ်ငယ်က အလှကို ခံစားရတာနဲ့တင် အတော်တန်တဲ့ကားလည်းဖြစ်ပါတယ်။