နာဇီတွေ ဂျူးတွေကိုသတ်ဖြတ်ပြီး စစ်ဖြစ်နေတုန်းက စပိုင်တွေ သတင်းပေးတွေ ကြုံတွေ့ရတဲ့ ဒုက္ခတွေ စွန့်လွှတ်ရတာတွေကို ဖော်ကျူးထားတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ဒီထဲက အပြင်မှာတကယ်ရှိခဲ့တဲ့ နိုင်ငံအတွက် အသက်စွန့်ခဲ့ရတဲ့ နူအာဆိုတဲ့ စပိုင်က ဉရောပရဲ့ပထမဆုံးမွတ်ဆလင် သူရဲကောင်းဘွဲ့ချီးမြှင့်ခံရပါတယ်။
နာဇီတွေက ပြင်သစ်ကိုကျူးကျော်လာတဲ့အချိန် ဗြိတိသျှတွေဘက်က လျှို့ဝှက်စစ်ဆင်ရေးလုပ်ဖို့ လေ့ကျင့်ပေးပြီး အေးဂျင့်တွေ စေလွှတ်ပါတယ်။ ဒီစစ်ဆင်ရေးမှာတော့ အလွယ်တကူ မရိပ်မိအောင် အမျိုးသမီး စပိုင်တွေပါ ရှာဖွေပြီး လေ့ကျင့်ပေးပါတယ်။ အဲ့ဒီမှာ သံတမန်ဖြစ်ချင်ပြီး ဘက်ပေါင်းစုံမှာ ထက်မြက်တဲ့ အမေရိကန်သူဗာဂျီးနီးရားနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ နူအာတို့လည်းပါပါတယ်။
သူတို့ကိုယ်စီ ကျရာတာဝန်နဲ့ ပြင်သစ်ရောက်ပြီး နာဇီတွေရန်ကနေ လွတ်အောင်ရှောင်လို့ သက်စွန့်ဆံဖျားကြိုးပမ်းပေးခဲ့ကြပါတယ်။ နူအာကတော့ သူငယ်ချင်းမိသားစု သစ္စာဖောက်တာကြောင့် နာဇီတွေဖမ်းတာ ခံလိုက်ရပါတယ်။ ဒီကားမှာ နာဇီတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကိုယ်တွေဆီကလိုပဲ သတင်းပေးတွေ ...ဝါဒဖြန့်တဲ့ နည်းတွေ...သစ္စာဖောက်တာတွေနဲ့ စစ်ကြောင့် ဒုက္ခဆင်းရဲပေါင်းစုံခံစားရတဲ့ ပြည်သူတွေကို ရင်မောစွာ တွေ့ရဦးမှာပါ။
ဒီဇာတ်ကားကိုအညွန်ူးနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်