6.5
470,528
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

War of the Worlds (2005)

Action, Adventure, Sci-Fi

Credits 200

တစ်ကားဆိုတစ်ကား ငွေကြေးအရအောင်မြင်ရုံအတွက်သာမကပဲ အနုပညာလက်ရာတန်ဖိုးအနေနဲ့ပါ ပြောစမှတ်တွင်ကျန်အောင် ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာကြီး စတီဖင်စပီးဘာ့ဂျ်ရဲ့ ဆုပေါင်းများစွာရရှိထားတဲ့ဇာတ်ကားလေးပါ။ Ray ဆိုတဲ့ သာမန် crane operator လေးတစ်ယောက်။ ဇနီးနဲ့ကွာရှင်းထားပြီး သမီးတစ်ယောက် သားတစ်ယောက်နဲ့ နေရတဲ့လက်လုပ်လက်စားသမားလေးတစ်ယောက်ရဲ့ ဘဝဟာ ကမ္ဘာကြီးကိုအုပ်စိုးချုပ်ကိုင်မယ့် ဂြိုဟ်သားတွေရန်ကနေလွတ်အောင် ပြေးရင်းနဲ့ပဲ သူ့ရဲ့ သတ္တိနဲ့ ကြံရည်ဖန်ရည်ကြောင့်ပဲ သူရဲကောင်းတစ်ဦးအဖြစ် ရောက်ရှိခဲ့ပုံပါ။ လမ်းမတွေထက်မှာ ဂြိုဟ်သားတွေရဲ့ tripod တွေရန်က သားသမီးတွေရဲ့ အသက်ဘေးကိုကာကွယ်ဖို့ ပြေးလွှားရပုံတွေ၊ လက်နက်ဆန်းတွေနဲ့ ကြမ်းတမ်းလှတဲ့ တိုက်ပွဲတွေကြားက မိဘမေတ္တာနဲ့ လူသားတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို မြင်တွေ့ခံစားကြရမှာပါ။ မင်းသားက Tom Cruise ၊ မင်းသမီးက Dakota Fanning ဆိုတော့ သရုပ်ဆောင်ပိုင်းအရရော ရိုက်ချက်တွေအယူအဆတွေပိုင်းမှာရော ပြောစရာမလိုအောင် ကောင်းမွန်တဲ့ဇာတ်ကားဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ အောင်မြင်မှုတွေ တပုံကြီးနဲ့ မသိသူမရှိခဲ့တဲ့ ဇာတ်ကားလေးကို ပြန်ကြည့်ချင်သူတွေအတွက်ရော သိမ်းထားချင်သူတွေအတွက်ပါ M-Sub Movie က တင်ဆက်ပေးလိုက်ပါတယ်။