6.3
207,404
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

6 GB

Credit

500

Waterworld (1995)

Action, Adventure, Sci-Fi

Credits 500

လူတိုင်းကြည့်ဖူးကြမှာပါ။ ဇာတ်လမ်းကို အထွေအထူးတော့ပြောစရာ မလိုတော့ဘူးလို့ထင်ပါတယ်။ ဒီဇာတ်ကားရဲ့ကုန်ကျစရိတ်ကတော့ $175 Millions လောက်ပါပဲ။ ဒါပေမဲ့ ထူးဆန်းတဲ့ အကြောင်းအရာကိုပြောရမယ်ဆိုရင်တော့ သူတို့ဖန်တီးတည်ဆောက်ခဲ့ကြတဲ့ ရုပ်ရှင် Set ကြီးဟာ 40,000lbs လောက်လေးပြီး 365ft ပေ အချင်းရှိတဲ့ အပြင် ပေ 40 (ft) အမြင့်ရှိပါတယ်။ ထို့အပြင် ထို Set ကြီးဟာ ရေမျက်နှာပြင်ပေါ်မှာ မျောပြီးပေါ်နေတဲ့ Floating Set ကြီးပါ။ ထို Floating Set ကြီးကို Hawaii ကမ်းခြေမှ ဆွဲခေါ်လာခဲ့ရပြီး လိုအပ်တဲ့ Steel ပမာဏလည်းမာျးပြားသော်ကြောင့် California မှမှာယူခဲ့ရပါတယ်။ ထို ရေလည်ခေါင်က ရိုက်ကွင်း Set ကြီးမှာ အိမ်သာတွေမရှိတဲ့ အတွက် ရိုက်ကွင်းရေး အလုပ်သမားတွေဟာ ထိုအနီးအနားတစ်ဝိုက်မှာ ရှိတဲ့ Barge ဆီမှာ ferries နဲ့သွားပြီး စွန့်ကြရပါတယ်။ ဒါတင်မကသေးပါ။ ပြင်းထန်တဲ့ လေတွေကြောင့် ထို Set ကြီးသည် နေရာလွဲသွားရတဲ့ အပြင် အပိုင်းအစ တစ်ချို့ဆိုရေအောက်ကို အပြီးအပိုင် နစ်မြှပ်ခဲ့ရပါတယ်။ မဆုံးသေးပါ။ မင်းသား Kevin Costner နဲ့တစ်ချို့သရုပ်ဆောင်တွေဆိုရင် ရေနစ်၍ သေလုနီးပါးတောင်ဖြစ်ခဲ့ရပါသေးတယ် Kevin Costner ရဲ့Stunt Double လုပ်ရသူ နာမည်ကြီး Surfer သမားဖြစ်တဲ့သူဆိုရင် ပင်လယ်ပြင်မှာ ပျောက်လုနီးပါးတောင် ဖြစ်ခဲ့ရပါသေးတယ်။ Joss Whedon (Director of Avengers) ဆိုရင်ဒီဇာတ်ကားကို Seven Weeks of Hell လို့တောင်ခေါ်ခဲ့ကြပါတယ်။