5.1
102,384
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 7.1

File Size

6.2 GB

Credit

0

Conan the Barbarian (2011)

Action, Adventure, Fantasy

Credits 0

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မှော်ဆရာတွေဟာ အက်ချရွန်မျက်နှာဖုံးကို ဖန်တီးခဲ့ပြီး လောကကြီးကိုအမှောင်ထုနဲ့အုပ်စိုးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘာဘေးရီးယန်းမျိုးနွယ်တွေက အက်ချရွန်ကိုရှင်းပစ်ပြီး မျက်နှာဖုံးကိုလည်း အပိုင်းပိုင်းဖြစ်အောင်ဖျက်ဆီးလိုက်ပါတယ်။ အပိုင်းအစတစ်ခုစီကို မျိုးနွယ်စုတွေက ခွဲယူလိုက်ကြပါတယ်။ နောက်တော့ ဘာဘေးရီးယန်းရွာခေါင်းဆောင်ကို ခလာဇင်းမ်ဆိုတဲ့ယုတ်မာတဲ့ဓားပြတစ်ယောက်က မျက်နှာဖုံးရဲ့နောက်ဆုံးအပိုင်းတစ်ခုကိုပေးဖို့ ခြိမ်းခြောက်လာပါတယ်။ အကြောင်းကတော့ အက်ချရွန်မျက်နှာဖုံးရဲ့အစွမ်းနဲ့ သူ့မိန်းမကို ပြန်အသက်သွင်းဖို့အတွက်ပါ။ နောက်ဆုံးအပိုင်းအစကို ရသွားတဲ့အခါမှာတော့ တစ်ရွာလုံးကို မီးရှို့သတ်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ရဲ့သားဖြစ်သူ ကိုနန်တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ ကိုနန်ကတော့ ခလာဇင်းမ်ကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်များစွာကြာပြီးတဲ့နောက်မှာတော့ အရွယ်ရောက်လာတဲ့ကိုနန်က ဓားပြလုပ်ရင်း ခလာဇင်းမ်ကိုလက်စားချေဖို့ လိုက်ရှာပါတော့တယ်။ ကိုနန်ရဲ့ဆန္ဒတွေပြီးမြောက်ပြီး လက်စားချေနိုင်ပါ့မလား။ ခလာဇင်းမ်ကရော မျက်နှာဖုံးကိုပြန်အသက်သွင်းမဲ့ သူ့ရဲ့အကြံအစည်တွေ အောင်မြင်သွားခဲ့သလား...။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။