6.8
20,192
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5 GB

Credit

500

Shaolin (2011)

Action, Drama

Credits 500

ဟောင်ချင်းဆိုသူဟာ အာဏာရဖို့အတွက်ဆို လက်မရွံလူသတ်နိုင်ပြီး ရန်သူအသက်ရှင်နေသရွေ့‌ ကောင်းကောင်းအိပ်မပျော်သူတစ်ယောက်။ အညှာတာကင်း အကြောက်တရားမရှိဘဲ ကိုယ့်ကိုကိုယ် ပြီးပြည့်စုံတယ်ထင်ပြီး ချစ်ရတဲ့သူတွေကို ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်ဟာလည်း လူသားပေမို့ အသားကို ရှမိရင် သွေးထွက်တတ်ပြီး နာကျင်ရရင်လည်း မျက်ရည်ကျတာပါပဲ။ ဒုက္ခရောက်ချိန်မှာ အားထားရာရှာတတ်ပြီး ကယ်တင်ပေးဖို့ တောင်းပန်ရတယ်။ တစ်သက်လုံးမိုက်လာခဲ့သမျှ အကုန်ဆုံးရှုံးလိုက်ရပြီး ‌ေ‌ဆာက်တည်ရာမရဖြစ်ရချိန်မှာ ဘာ‌ဖြစ်သွားတာလဲ ဘာကြောင့်လဲဆိုတာကို စဉ်းစားလို့မရနိုင်တော့ဘူး။ ဒါပေမယ့် သူတစ်ခုရလိုက်တာကတော့ နောင်တတရားရယ်ပါ။ မှားခဲ့တာ‌ေတွကို ပြန်ပြင်လို့မရတော့ပေမယ့် ဆက်မမိုက်မဲဖို့တော့ ကိုယ်တိုင်ရွေးချယ်လို့ရပါသေးတယ်။ Andy Lau, Jackie Chan, Nicolas Tse, Wu Jing နဲ့ Fan Binging တို့က အဓိကပါ၀င် သရုပ်‌ဆောင်ထားပြီး ဒါရိုက်တာကြီး Benny Chan ကအကောင်းဆုံးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ သရုပ်ဆောင်လေးယောက်လုံး ဇာတ်ရုပ်နေရာမှာ ကွတ်တိကျလွန်းနေတော့ တစ်ခြားသရုပ်ဆောင်တွေနဲ့ အစားထိုးပြီး မြင်ယောင်ကြည့်လို့တောင်မရဘူး။ ဇာတ်ကြောင်းကို ခြုံငုံပြောလိုက်ရင် ရိုးရှင်းပေမယ့် ရင်ထဲမှာ အမြဲစွဲကျန်ခဲ့အောင် လုပ်နိုင်တာကတော့ သူတို့ပြောကြတဲ့ အနုပညာစွမ်းရည်ဆိုတဲ့အရာထင်ပါရဲ့။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်