6.1
547
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.7 GB

Credit

200

The Monkey King: Reborn (2021)

Animation, Action, Fantasy

Credits 200

“အနောက်အရပ်သို့ခရီးသွားခြင်း" ထဲက ဝူခုန်းနဲ့ ပါကျဲတို့ဆိုရင် ကျွန်မတို့ငယ်ဘဝကတည်းက စွဲလမ်းမြတ်နိုးခဲ့ရတဲ့ တရုတ်ဇာတ်ကောင်တွေပါ။ ဒီနောက်ပိုင်းမှာ ဝူခုန်းကိုအခြေခံတဲ့ရုပ်ရှင်တော်တော်များများလည်း ပြန်လည်ထွက်ရှိလာခဲ့ပါတယ်။ ဒီဇာတ်ကားတော်တော်များများမှာ မျောက်ဘုရင်စွန်းဝူခုန်းကို စွမ်းအားကြီးပေမယ့် ဟာသဆန်တဲ့ပုံစံအနေနဲ့သာရိုက်ကူးကြတာကို တွေ့ရစမြဲပါ။ ဒါပေမယ့် ၂၀၂၁ခုနှစ်၊ ဧပြီ ၂ရက်နေ့မှာထွက်ရှိခဲ့တဲ့ Monkey King Reborn မှာဆိုရင်တော့ အရင်တွေ့နေကျဝူခုန်းပုံစံမျိုးမဟုတ်ဘဲ အေးတိအေးစက်နဲ့ ခပ်တည်တည်မိမိုက်နေတဲ့ နတ်ဆိုးဘုရင်တစ်ဖြစ်လည်း မျောက်ဘုရင်စွန်းဝူခုန်းကိုတွေ့မြင်ရမှာပါ။ ရှေးနှစ်ထောင်ပေါင်းများစွာတုန်းက နတ်ဆိုးတွေရဲ့အစပထမဖြစ်တဲ့ နတ်ဆိုးသခင်ကြီးထွက်ပေါ်လာခဲ့ပါတယ်။ သူဟာသုံးလောကကို တိုက်ခိုက်အောင်မြင်ပြီး ဆိုးသွမ်းနေတာကြောင့် ဗုဒ္ဓရဲ့သာဝကတစ်ပါးက သူ့ရဲ့ချီစွမ်းအင်တွေကိုအသုံးပြုပြီး ကမ္ဘာမြေကြီးရဲ့ဟိုးအောက်ဘက်တစ်နေရာမှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ဒီကိစ္စဟာကြာခဲ့ပြီးတဲ့ ကမ္ဘာပေါင်းများစွာကကိစ္စမို့လို့ နောက်ပိုင်းမျိုးဆက်တွေအတွက်ပုံပြင်လိုလို ဇာတ်လမ်းလိုလိုသာဖြစ်နေခဲ့ကြပါတယ်။ အနောက်အရပ်ကိုကျမ်းစာသွားပင့်မယ့် ဆရာတော်နဲ့ သူ့ရဲ့တပည့်သုံးယောက်ဟာ ဝူကျွမ်းဘုရားကျောင်းမှာ ခရီးတစ်ထောက်နားခဲ့ကြပါတယ်။ ဆရာတော်နဲ့ဝူခုန်းတို့တပည့်သုံးယောက် အဲ့ဒီကျောင်းဆောင်ကိုရောက်တဲ့အချိန်က ကျောင်းဆောင်ရဲ့သခင် အမတအရှင်ကျန်းယွမ်မရှိတဲ့အချိန်ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဝူခုန်းတို့တပည့်သုံးယောက်ဟာ ကျောင်းဆောင်နောက်ဘက်က တန်ဖိုးကြီးလူသားသစ်ပင်က သစ်သီးတွေခိုးစားတဲ့အတွက် အရှင်ကျန်းယွမ်ရဲ့တပည့်နှစ်ယောက်နဲ့ပြဿနာတက်ကြပြီး စိတ်မထိန်းနိုင်တဲ့ဝူခုန်းက လူသားသစ်ပင်ကိုအမြစ်ကနေလှဲချလိုက်ပါတယ်။ ဝူခုန်းစိတ်လိုက်မာန်ပါလုပ်လိုက်တဲ့ အကျိုးဆက်ကတော့ သစ်ပင်အောက်မှာချီစွမ်းအင်နဲ့ထိန်းချုပ်ထားခြင်းခံရတဲ့ တစ်ချိန်ကနတ်ဆိုးသခင်ကြီး လွတ်မြောက်သွားခြင်းပါပဲ။ နတ်ဆိုးသခင်ကြီးဟာ သူ့ရဲ့မူလစွမ်းအင်တွေပြန်ရဖို့ ဆရာတော်ကိုဖမ်းဆီးပြီးထွက်ပြေးသွားပါတော့တယ်။ သုံးလောကကို အကြီးအကျယ်ဒုက္ခရောက်စေတော့မယ့် အကျိုးဆက်မို့ တရားခံဝူခုန်းက အဲ့ဒီနတ်ဆိုးသခင်ကြီးကိုပြန်လည်ဖမ်းဆီးပြီး ဆရာတော်ကိုကယ်တင်ဖို့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ နတ်ဆိုးသခင်နှိမ်နင်းရေးခရီးထွက်လာကြတော့တဲ့အခါ... ခရီးစဉ်ရဲ့အဆုံးမှာသူတို့နတ်ဆိုးသခင်ကြီးကိုနှိမ်နင်းပြီး သုံးလောကကိုကယ်တင်ပေးနိုင်မှာလား ? ကျောက်တုံးကနေမွေးဖွားလာတဲ့ အေးတိအေးစက်နတ်ဆိုးဘုရင်စွန်းဝူခုန်းရဲ့ ဇာတ်လမ်းကရောဘယ်လိုဖြစ်မှာလဲ ဆိုတာအခုပဲကြည့်လိုက်ကြပါတော့။ ဒီဇာတ်ကားအတွက်အညွှန်းနဲ့ဘာသာပြန်သူကတော့ Erika Sean ဖြစ်ပါတယ်။