7.5
24,739
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2 GB

Credit

100

Fist of Legend (1994)

Action, Drama

Credits 100

ကျိုတို ဂျပန်မှာ ပညာသင်နေတဲ့ Chen Zhen( Jet Li)ဟာ တရုတ်ပြည်မှာရှိတဲ့ သူ့ရဲ့ဆရာဖြစ်သူ ဂျပန်တစ်ယောက်နဲ့ယှဉ်ပြိုင်ရာကနေ သေဆုံးသွားခဲ့တယ်ဆိုတာကို သိလိုက်ရတော့ ချက်ချင်းပဲ ရှန်ဟိုင်းကိုပြန်လာခဲ့ပါတယ်။ သူပြန်ရောက်တဲ့နောက်ရက်မှာပဲ သူ့ဆရာဖြစ်သူနဲ့တိုက်ခိုက်ခဲ့တဲ့သူကို သူကိုယ်တိုင်စိန်ခေါ်ပြီး တိုက်ခိုက်ခဲ့တဲ့အခါ အလွယ်တကူပဲအနိုင်ရသွားခဲ့ပါတယ်။ သူ့ဆရာရဲ့သေဆုံးမှုဟာ မရိုးရှင်းဘူးဆိုတာကို သူသဘောပေါက်သွားပါပြီး အဖြစ်မှန်ကိုရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားကို ၁၉၃၇ခုနှစ် ဒုတိယကမ္ဘာစစ်ရဲ့အစပိုင်းကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ တရုတ်ပြည် ရှန်ဟိုင်းမှာ ဂျပန်တွေကြီးစိုးဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်တဲ့အတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးတင်းမာမှုတွေနဲ့အတူ Chen Zhenက သူ့ဆရာရဲ့သေဆုံးမှုတွေဟာ ဂျပန်တွေနဲ့ပတ်သက်နေတယ်ဆိုတာသိရှိသွားပြီးနောက် ဂျပန်တွေအပေါ် လက်စားချေဖို့ကြိုးစားခဲ့ပုံတွေကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။