6.3
290,186Video Quality
Blu-ray 1080p
Audio Quality
DTS 5.1
File Size
3.5 GB
Credit
200
Terminator Genisys (2015)
Action, Adventure, Sci-Fi
Credits 200
အားလုံးစောင့်မျှော်နေတဲ့ Terminator Genisys ကိုတင်ဆက်ပေးလိုက်ပါတယ်..လတ်တလောထွက်ရှိထားတဲ့ဗားရှင်းတွေအမျိုးမျိုးတွေထဲကမှ အကြည်ဆုံး Version ရွေးချယ်ပြီးတင်ဆက်ပေးလိုက်ပါတယ် ဒီကားအကြောင်းကို အတတ်နိုင်ဆုံး Spoiler မပါအောင်ရေးပေးသွားမှာဖြစ်ပြီး ဇာတ်လမ်းကသိပ်မရှုပ်လို့ မရှင်းပြတော့ပါဘူးဇာတ်လမ်းမပြောခင်မှာရုပ်ရှင်ထဲက TimeTravelအကြောင်းအနည်းငယ်ရှင်းပြချင်ပါတယ်.. Time Travel ဇာတ်လမ်းတွေမှာ Alternate Timeline လို့ခေါ်တဲ့ အချိန်တွေထွက်လာပါတယ်။ Comic Book ဖတ်တဲ့သူတွေက ဒီအခေါ်အဝေါ်ကိုရင်းနှီးပြီး ဘာကိုဆိုလိုလည်းဆိုတာ တန်းသိမှာပါ။ အနီးစပ်ဆုံးဥပမာပေးရရင် Jet Li ရဲ့ The One ဇာတ်ကားထဲက အယူအဆနဲ့တူတူပါပဲ။ Timeline ဆို Facebook က Timeline ပြေးမြင်နေကြလားမသိဘူး။ Alternate Timeline ကို လူပိန်းနည်းနဲ့ပြောရရင် Facebook မှာအကောင့် ၂ခု နာမည်တူ ဓါတ်ပုံအတူဖွင့်ထားတဲ့သဘောပါဘူး။ ဒါပေမယ့် ပို့စ်တူတူတင်ရင်တောင် တင်တဲ့ အချိန် မိနစ်ပိုင်းကွာသွားမှာဖြစ်သလို၊ မတူတာတွေလည်း တင်လို့ရပါတယ်။ ဇာတ်လမ်းက Terminator, Terminator 2 တို့နဲ့ မဆိုင်ပဲ သူနဲ့ အပြိုင်ရှိတဲ့ Timeline မှာ ဖြစ်တဲ့အဖြစ်အပျက်တွေဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ John Connor က Kyle Reese ကို သူ့အမေကို ကာကွယ်ဖို့ ပြန်လွှတ်လိုက်တဲ့ အချိန်မှာပဲ John Connor ကို Terminator တစ်ယောက်က တိုက်ခိုက်တာ ခံလိုက်ရပြီး Terminator အဖြစ် ပြောင်းခံလိုက်ရပါတယ်။ ဒါ့ကြောင့်ပဲ ထွေလာထဲမှာပါသလို John Connor (Jason Clarke) က လူတစ်ပိုင်း Terminator တစ်ပိုင်းဖြစ်သွားတာပါ။ ဒါကြောင့် သူတို့ရဲ့ Timeline ကပြောင်းသွားခဲ့ပြီး Kyle Reese (Jai Courtney) ၁၉၈၄ ကိုပြန်ရောက်တဲ့အချိန် (Original Timeline မှာ Terminator ပထမကားအချိန်မှာ) မှာ အရင်လိုမဟုတ်တော့ပဲ ထူးခြားနေတာတွေ့ရပါတယ်။ Liquid Metal (T-1000) က ကြိုရောက်နေသလို၊ သူကာကွယ်ရမယ့် Sarah Connor က သူ့ကို ပြန်ကယ်နေရပါတယ်။ Sarah အဖြစ် သရုပ်ဆောင်တဲ့ Emilia Clark (Game of Throne) က ကလေးဘ၀ ကတည်းက T-800 (Arnold) နဲ့အတူ ကြီးပြင်းလာတာဖြစ်ပါတယ်။ သူမအသက် ၉နှစ်အရွယ်မှာ Skynet က သူမကို ကလေးဘဝကတည်းက သတ်ဖို့အတွက် T-1000 (Lee Byung-hun) ကိုစေလွှတ်လိုက်သလို၊ T-800 ကလည်း သူမကိုကယ်ဖို့ တစ်ယောက်ယောက်က စေလွှတ်လိုက်ပြီး အဲ့ဒီအချိန်ထဲက သူမကို လေ့ကျင်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ Sarah ကိုကာကွယ်ဖို့ T-800 (Arnold) ကို ဘယ်သူကပြန်လွှတ်လည်းဆို တာကို Arnold ကိုယ်တိုင်မသိဘူးလို့ဆိုပါတယ်။ ဘာလို့လည်းဆိုတော့ ပြန်လွှတ်တဲ့သူကို Skynet က လိုက်သတ်မှာစိုးလို့ လို့ ရှင်းပြပါတယ်။ Arnold ကစက်ရုပ်ဖြစ်ပြီး ဘာလို့ အိုနေလည်းဆိုတာကိုတော့ သူ့ရဲ့ အရေပြားတွေက လူတွေရဲ့ အသွေးအသားနဲ့တည်ဆောက်ထားလို့ စက်ကမအိုသွားပေမယ့် အသားအရည်ကတော့ အိုသွားတာဖြစ်တယ်လို့ ရှင်းထားပါတယ်။ဇာတ်လမ်းကအများကြီးရှင်းပြဖို့မလိုပါဘူး။ လူတိုင်းနားလည်လွယ်မှာဖြစ်ပြီး ဇာတ်လမ်းကထုံးစံအတိုင်း Skynet ကို ဖျက်ဆီးဖို့ကြိုးစားကြမှာဖြစ်ပါတယ်။ ဒီကားကို ဝေဖန်ရတာ ကျွန်တော့် အတွက်မလွယ်ပါဘူး။ Arnold က ကျွန်တော့် အကြိုက်ဆုံး မင်းသားဖြစ်ပြီး သူရဲ့ ဇာတ်ကားအားလုံး ကျွန်တော်ကြည့်ဖူးပြီး အကုန်လုံးလည်းကြိုက်ပါတယ်။ ဒီကားကိုလည်း ပရိတ်သတ်တစ်ယောက်အနေနဲ့ ကြိုက်ပေမယ့် ဝေဖန်စရာတွေလည်းအများကြီးတွေပါတယ်။ ဒီကားတစ်ကားလုံးမှာ Arnold က သရုပ်ဆောင်အကောင်းဆုံးလို့တောင်ပြောရမှာဖြစ်ပြီး၊ သူ့ကြောင့် ဒီကားက အညံစားကားတစ်ကားမဖြစ်တာပါ။ ကျန်သရုပ်ဆောင်တွေကတော့သာမန်ပဲဖြစ်ပြီး Emilia Clark နဲ့ Jai Courtney တို့ကတော့ ကြိုးစားသရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးကြားမှာ အချိတ်အဆက်မမိတော့ကြည့်ရတာတစ်မျိုးဖြစ်နေပါတယ်။ Jai Courtney က ထုံးစံအတိုင်း သရုပ်ဆောင်မကောင်းပေမယ့် ဒီကားက သူရိုက်ဖူးသမျှကားတွေထဲမှာ သရုပ်ဆောင်မဆိုးဘူးလို့ပြောလို့ရပါတယ်။ (Die Hard 5 က သူ့ရဲ့အညံ့ဆုံး ဇာတ်ကားဖြစ်ပါတယ်။) ဒါ့အပြင် ဒီကားမှာ Arnold နဲ့ CGI (Computer Generated Image) Arnold တို့ ချတဲ့အခန်းလည်းပါပြီး ဒီအခန်းတစ်ခန်းနဲ့တင်ကြည့်ရတန်နေပါပြီ။ ဒါ့အပြင် Iconic T-1000 စက်ရုပ်လည်းပြန်ပါခဲ့သလို၊ မင်းသား Lee Byung-Hun ကလည်း သရုပ်ဆောင် ကောင်းပါတယ်။ တစ်ခန်းနှစ်ခန်းပဲပါရပေမယ့် လုပ်ကွက်ရသလောက်နဲ့ လုပ်ပြသွားခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် ဇာတ်လမ်းနဲ့ ပထမ နာရီဝက်လောက်က Terminator 1 နဲ့ 2 က အဖြစ်အပျက်တွေ အခု Timeline မှာလာဖြစ်တာကိုပြသွားတာဖြစ်ပါတယ်။ဒီကားကို လူတော်တော်များများကြိုက်ကြမှာဖြစ်ပြီး၊ ဇာတ်လမ်းမကောင်းလှပေမယ့် အာနိုးကို ဇာတ်ကားထဲမှာ ပြန်ပါလို့ရအောင် အိုင်ဒီယာလုပ်ထားတာ တော့ ချီးကြူးရမှာပါ။ Time Travel လုပ်ရင် အဝတ်တွေမပါရဘူး ဆိုတဲ့ အတွက်ကြောင့် ဝတ်စလစ်အခန်း နှစ်ခန်းသုံးခန်းလောက်ပါတာသတိပြုစေချင်ပါတယ်။ No Sex ပါ။ အာနိုးပရိတ်သတ် တစ်ယောက်အနေနဲ့ ဒီကားကို တော်တော်သဘောကြပါတယ်။ ဒီကားကြည့်တဲ့အခါမှာ အရင်ကားတွေအကြောင်း နဲ့ဆက်စပ်မတွေးပဲ၊ ဇာတ်လမ်းဟာကွက်တွေကို လစ်လျှူရှူပြီး ကြည့်နိုင်ရင်အကောင်းဆုံးပါ။