7.4
475,888
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.4 GB

Credit

500

Back to the Future Part III (1990)

Adventure, Comedy, Sci-Fi

Credits 500

၁၉၈၅ခုနှစ်မှာ နေထိုင်တဲ့ မာတီမခ်ဖလိုင်းဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအတွက်နဲ့ သိပ္ပံပညာရှင် ဒေါ့အမ်းမက်ဘရောင်းတီထွင်ထားတဲ့ အချိန်ခရီးသွားစက်ကိုသုံးကာ အနာဂါတ်ဆီကြိုတင်သွားရောက်ခဲ့ပါတယ်။ Part III ဖြစ်တဲ့အတွက် အရှေ့ကအပိုင်းနှစ်ပိုင်းကိုကြည့်ဖူးထားမှ အဆက်အစပ်ရှိပါလိမ့်မယ်။ ဇာတ်ကြောင်းကိုဆက်ပြောရရင် အချိန်ခရီးသွားရာကနေ မာတီရဲ့မိတ်ဆွေ ဒေါ့ဟာ ၁၉၈၅ခုနှစ်ကိုပြန်ရောက်မလာဘဲ အတိတ်ဖြစ်တဲ့ ၁၈၈၅ခုနှစ်ဆီရောက်သွားတယ်ဆိုတာကို မာတီသိလိုက်ပါတယ်။ အဲဒီအပြင် ၁၈၈၅ကိုရောက်သွားတဲ့ဒေါ့ဟာ လူသတ်သမားတစ်ယောက်ရဲ့လက်ချက်နဲ့သေခဲ့ရတယ်ဆိုတာကို သူသိလိုက်တဲ့အခါ သူ့မိတ်ဆွေ ဒေါ့ကိုသေဘေးရန်ကနေကယ်တင်ဖို့နဲ့ သူ့ကို၁၉၈၅ဆီပြန်ခေါ်လာဖို့ သူကိုယ်တိုင် ၁၈၈၅ခုနှစ်ဆီ လိုက်သွားပါတော့တယ်။ အသတ်ခံရမဲ့ကံကြမ္မာရှိနေတဲ့ ဒေါ့ကို သေဘေးကနေလွတ်အောင် မာတီတစ်ယောက်ဘယ်လိုကြိုးစားမလဲ ။ သူ့ရဲ့နဂိုနေထိုင်ရာ ၁၉၈၅ခုနှစ်ကိုရော အောင်အောင်မြင်မြင်ပြန်လာနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ ဒီဇာတ်ကားဟာ အပိုင်း၃ပိုင်းထွက်ရှိထားပြီးတော့ တစ်ပိုင်းနဲ့တစ်ပိုင်း ဆက်စပ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် ပထမအပိုင်းကနေစကြည့်ရင်အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။