လူတိုင်းရဲ့စိတ်မှာ အမှောင်ဘက်ခြ မ်းဆိုတာ ရှိပါတယ်။ အဲဒီစိတ်ကိုထိန်းနိုင်တဲ့သူရှိသလို မထိန်းထားတဲ့သူတွေလည်းရှိတယ်။ ဒီကားလေးကတော့ ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကို ရဲရဲကြီးလက်ခံပြီး တခြားသူတစ်ယောက်ရဲ့ အမှောင်ဘက်ခြမ်းကိုပါ ထုတ်ဖော်ပေးလိုက်တဲ့ လူနှစ်ယောက်ရဲ့အကြောင်းလေးပါ။ သူလူသတ်တယ် သူသတ်ချင်လို့ပါတဲ့။ တခြားသူတွေချစ်ကြသလိုမျိုး သူလည်းလူသတ်တာတဲ့ ။ ဇာတ်လမ်းကတော့ ရာမနားဆိုတဲ့လူတစ်ယောက် လူကိုးယောက်သတ်ထားပါတယ်ဆိုပြီး လာဝန်ခံတယ်။ ရဲတွေကသူ ပေါက်ကရတွေလာပြောနေတာဆိုပြီး အရေးမထားကြဘူး။ သူတကယ်ပဲပေါက်ကရတွေ လာပြောနေတာလား။ အမှန်တကယ်လူသတ်သမားလားဆိုတာ အတူကြည့်ရှူရင်း စီးမြောခံစားလိုက်ရအောင်ပါ
ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ ac ဖြစ်ပါတယ်။