5.3
129,761
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.9 GB

Credit

200

Max Payne (2008)

Action, Crime, Drama

Credits 200

ဒီတစ်ခေါက်မှာတော့ နာမည်ကြီးဂိမ်းတစ်ခုကို အခြေတည်ပြီး ပြန်လည်ရိုက်ကူးထားတဲ့ Action ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သေနတ်ပစ်တာတွေကြိုက်တဲ့ ပရိသတ်တွေအနေနဲ့တော့ ကြည့်သင့်တဲ့ကားပါပဲ။ မိန်းမဖြစ်သူ အသတ်ခံလိုက်ရပေမဲ့ တရားခံကို ရှာမတွေ့လို့ ကိုယ့်ဘာသာ တစ်ကိုယ်တော်စုံစမ်းနေတဲ့ စုံထောက် မက်စ်ပိန်း... ဒီလိုနဲ့တစ်နေ့မှာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ပါတီပွဲကနေ ကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးခဲ့ပါတယ်။ ဒီလိုနဲ့ ပါတီပွဲပြီးတော့ နောက်ရက်မှာ အဲဒီကောင်မလေးက အသတ်ခံလိုက်ရတဲ့အခါမှာတော့ မက်စ်ပိန်းတစ်ယောက် အရှုပ်‌အထွေးထဲကို ရောက်သွားပါတော့တယ်။ အသတ်ခံရတဲ့ကောင်မလေးအတွက် လိုက်စုံစမ်းရင်း ဘယ်သူတွေနဲ့တွေ့ပြီး ဘာတွေသိလာရမလဲ... သူ့မိန်းမကရော ဘာကြောင့်အသတ်ခံလိုက်ရတာလဲ... တရားခံကိုရော ရှာတွေ့နိုင်ပါ့မလား ဆိုတာကိုတော့ ဒီရုပ်ရှင်ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Max ဖြစ်ပါတယ်