5.9
12,171
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.5 GB

Credit

500

Medieval (2022)

Action, Drama, History

Credits 500

ရောမအင်ပါယာကြီးရဲ့ဧကရာဇ်သရဖူကိုရယူနိုင်ဖို့ ကြံစည်နေကြတဲ့ အာဏာကြီးတဲ့ညီအစ်ကိုနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် လှည့်ကွက်တွေနဲ့ အသုံးချဖို့အတွက် ကြေးစားအဖွဲ့ခေါင်းဆောင် ရန်ဇစ်ဇကာကို မိန်းကလေးတစ်ယောက်ကိုပြန်ပေးဆွဲရမဲ့တာဝန်ပေးလိုက်ပါတယ်။ အဲဒီမိန်းကလေးကတော့ ငွေကြေးအာဏာရှိတဲ့အရှင်သခင်တစ်ယောက်နဲ့ စေ့စပ်ထားတဲ့မိန်းကလေး ကတ်သရင်းပါ။ သူက ဘာသာတရားရိုသေကိုင်းရှိုင်းပြီး ပြည်သူတွေကိုနှိပ်စက်ညှင်းပန်းတာကိုလည်း လုံးဝကြည့်မနေနိုင်တဲ့သူပါ။ ဇစ်ဇကာဦးဆောင်ပြီး ကတ်သရင်းကိုဖမ်းလာခဲ့ပေမဲ့ ကတ်သရင်းရဲ့လူတွေကိုကူညီတတ်တဲ့စိတ်ထားကို ဇစ်ဇကာချစ်မိသွားခဲ့ပါတယ်။ နိုင်ငံရေးပဋိပက္ခတွေနဲ့ ညီအစ်ကိုနှစ်ယောက်ကြားက အာဏာပြိုင်ဆိုင်မှုမှာ ဓားစာခံဖြစ်လာတဲ့ကတ်သရင်းကို ကြေးစားဇစ်ဇကာတစ်ယောက် ကယ်တင်သွားမလား။ ပေးအပ်ထားတဲ့တာဝန်အတိုင်း အောင်မြင်အောင်လုပ်သွားနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာကြည့်ရှူလိုက်ကြရအောင်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။