8.3
204,993
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.2 GB

Credit

500

Like Stars on Earth (2007)

Drama, Family

Credits 500

ဒီဇာတ်ကားလေးက တော်တော်များများသိကြမယ့် နာမည်ကြီး အိန္ဒိယဇာတ်‌ကားကောင်းလေးပါ။ ပြန်ပြီးကြည့်ရှုခံစားချင်တဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ အီရှန်ဆိုတဲ့ကလေးလေးဟာ ဒီလက်စထရာ ဆိုတဲ့ သင်ယူနိုင်စွမ်းအားနည်းတဲ့ လက္ခဏာကို ခံစားနေရတာဖြစ်ပါတယ်။ အားနည်းချက်နဲ့ အားသာချက် ဒွန်တွဲနေတတ်တယ်ဆိုသလိုပဲ ပန်းချီပညာမှာတော့ အီရှန်ဟာ တစ်ဖက်ကမ်းခတ်ထူးချွန်နေခဲ့ပါတယ်။ အတန်းထဲမှာ အမြဲတမ်းနောက်ဆုံးအဆင့်ရတဲ့ အီရှန်ကို ဘယ်သူမှနားလည်မပေးနိုင်ကြပါဘူး။ ပြဿနာပေါင်းများစွာဖြစ်ပြီးတဲ့အချိန်မှာတော့ အီရှန်ရဲ့အဖေက သားဖြစ်သူကို အတင်းအကြပ် အဆောင်ဝင်ခိုင်းလိုက်ပါတော့တယ်။ အဆောင်နေနေ့ရက်တွေက ကလေးငယ်ငယ်လေးတစ်ယောက်အတွက်တော့ စိတ်ဖိစီးစရာပါပဲ။ အကြပ်ရိုက်နေတဲ့အီရှန်အတွက် တစ်နေ့တော့ မျှော်လင့်ချက်ရောင်ခြည်လေးသမ်းလာပါတယ်။ အဲဒါကတော့ သူတို့ကျောင်းက ပန်းချီဆရာဖြစ်သူပါပဲ။ ဆရာက အီရှန်ခံစားနေရတဲ့ လက္ခဏာအကြောင်းသေချာသိနေပြီး ခက်ခဲတဲ့နေ့ရက်တွေထဲကနေ အီရှန့်ကိုဆွဲထုတ်ပေးဖို့ ကြိုးစားပါတော့တယ်။ ဆရာတပည့်နှစ်ယောက် အခက်အခဲတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် movieတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Yoon Cherry Kyaw ဖြစ်ပါတယ်