5.9
338,495
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Jurassic Park III (2001)

Action, Adventure, Sci-Fi

Credits 200

Jurassic Park 3 ကို ဒါရိုက်တာJoe Johnston ကရိုက်ကူးထားပြီး 2001 ခုနှစ်တွင် ရုံတင်ခဲ့ပါသည်။IMDb 5.9 နှင့် RT 50% သာရရှိထားသော်လည်းGoogle user 86% က Like ပေးထားကြသည်။ပထမဦးဆုံးဇာတ်ကားမှ ဒေါက်တာအလန်ဂရန့်(သတ္တရုပ်ကြွင်းပညာရှင်) လည်း ပြန်လည်ပါဝင်လာခဲ့သည်။ဒုတိယဇာတ်ကားတွင် တိုင်ရန်နိုဆောရပ်စ်အမျိုးအစားဒိုင်နိုဆောများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကိုရိုက်ကူးထားပြီး ဤဇာတ်ကားတွင်မူ လူသားမိဘများကသားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကို ရိုက်ကူးထားသည်။ယနေ့အချိန်ထိ ဒိုင်နိုဆောတို့၏ပြင်ပအရောင်အသွေးများကို တိတိကျကျမဖော်ပြနိုင်ကြသေးပေ။ပတ်ဝန်းကျင်အရောင်ကိုလိုက်၍ အရောင်ပြောင်းနိုင်ကြသည်ဟူ၍သာ ယေဘုယျလက်ခံထားကြသည်။ဤဇာတ်ကားတွင် ဒိုင်နိုဆောများ၏ အရောင်ကိုပြောင်းလဲရိုက်ကူးထားရုံမျှမကဘဲအသားစားဒိုင်နိုဆောများထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်သော စပိုင်နိုဆောရပ်စ်နှင့်ဒိုင်နိုဆောခေတ် ငှက်များကိုပါ ထည့်သွင်းရိုက်ကူးထား သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ အသက်၁၃နှစ်အရွယ်အဲရစ်သည် အမေ၏မိတ်ဆွေ ဘန် နှင့်အတူ မော်တော်ဘုတ်ဆွဲ လေထီးစီး၍ဆော်နာကျွန်းရှိဒိုင်နိုဆောများကို ကင်မရာဖြင့်ရိုက်ကူးရန်ကြိုးစားခဲ့ကြရင်းဆော်နာကျွန်းပေါ်သို့လေထီးဖြင့် ပြုတ်ကျသွားခဲ့သည်။အဲရစ်၏မိဘများ ဖြစ်ကြသော မစ္စတာကာဘီနှင့် အမန်ဒါတို့က အဲရစ်ကိုရှာဖွေရန်ဆုံး ဖြတ်ခဲ့ကြပြီးဒေါက်တာအလန်ဂရန့်ကို မလိမ့်တပတ်လုပ် ခေါ်ဆောင်ကာ ဆော်နာကျွန်းသို့ခရီးနှင်ခဲ့ကြသည်။အဲရစ်နှင့်ဘန်ကို ရှာတွေ့နိုင်ပါ့မလား ဆော်နာကျွန်းပေါ်က ပြန်ထွက်နိုင်ကြပါ့မလား ဆိုတာကိုတော့ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားကြပါစို့လား…မှတ်ချက်။ ။Jurassic Park သုံးကားလုံး မိသားစုနှင့်ကြည့်လျှင်ပိုကောင်းပါသည်။