8.1
199,642
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

7.2 GB

Credit

500

PK (2014)

Comedy, Drama, Sci-Fi

Credits 500

ဇာတ်လမ်းကတော့ 2014ခုနစ်က ထွက်ရှိခဲ့တဲ့ PK ကားပါ။ ရုပ်ရှင်ကြိုက်နှစ်သက်သူတွေအတွက် ပြောစရာမလိုအောင် အကြောင်းသိပြီးသားဖြစ်မှာပါ ။ အတော်လေးနာမည်ကြီးခဲ့တဲ့ကားပေါ့။ ဇာတ်လမ်းက တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်‌ယောက် သုတေသနလုပ်ဖို့ ကမ္ဘာမြေကိုလာရင်း သူ့ရဲ့အာကာသယာဉ်ကို ထိန်းချုပ်နိုင်တဲ့ အဝေးထိန်းခလုတ် အခိုးခံလိုက်ရတယ်။ အိမ်ပြန်နိုင်ဖို့ မျက်စိသူငယ်နားသူငယ်နဲ့ ရီမုတ်လိုက်ရှာတော့။ ဘုရားကိုပဲသွားမေးပါလို့ လူအားလုံးက ပြောကြတယ်။ အဲဒါနဲ့ ဘုရားပျောက်ရှာပုံတော် ဖွင့်ပါလေရော။ သူ့ရီမုတ်ကို ပြန်ရှာတွေ့ပြီး အိမ်ပြန်နိုင်ပါ့မလား။ ကမ္ဘာမြေပေါ်ကရော သူဘာတွေသင်ယူသွားနိုင်မလဲ။ ဘာသာရေးကားတစ်ခုပါ ဘာသာရေးကို မေးခွန်းထုတ်ထား‌တာပါ။ ယူတတ်ရင်ပညာချည်းပါပဲ။ အချိန်ပေးပြီးကြည့်ရတာတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း အာမခံပေးနိုင်ပါတယ်။ ကြည့်ရှူကြပါဦး။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ Lilly ဖြစ်ပါတယ်။