N/A
91
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

2.6 GB

Credit

500

A Million Days (2023)

Sci-Fi

Credits 500

ယိုယွင်းပျက်စီးမှုတွေများနေတဲ့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးကတစ်ချိန်ချိန်မှာပျက်စီးသွားမလား။အကောင်းအတိုင်းဆက်လက်တည်ရှိနေနိုင်မလားဆိုတာကိုဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။လူတော်တော်များများကတော့အခုအချိန်မှာလုပ်နေတဲ့လူသားတွေရဲ့လုပ်ရပ်ကြောင့်ပျက်စီးသွားနိုင်ချေများတယ်ဆိုပြီးယုံမှတ်ထားကြပါတယ်။အခုတင်ဆက်ပေးမဲ့ A Million Days ဆိုတဲ့ဇာတ်ကားထဲမှာလည်းကမ္ဘာကြီးကပျက်စီးလာပြီးနေထိုင်လို့မရတော့တဲ့အခြေအနေဖြစ်လာတဲ့အတွက် အာကာသထဲမှာသွားရောက်နေထိုင်ဖို့ကြိုးစားလာရပါတော့တယ်။အဲ့လိုကြိုးစားဖို့ကလူချည်းသက်သက်လုပ်နေရင်မလွယ်ကူတဲ့အတွက်လူတော်တော်များများနဲ့မစိမ်းတဲ့ ကြားဖူးနေကျဖြစ်တဲ့ AI ဆိုတဲ့လူလုပ်အသိဉာဏ်တစ်ခုကိုဖန်တီးခဲ့ပါတယ်။အဲ့ဒီ AI ကိုဂျေးလို့နာမည်ပေးထားပြီးသူ့ရဲ့တာဝန်ကတော့လူသားတွေရဲ့စီမံကိန်းတွေကိုသေချာတိကျအောင် တင်ပြချက်တွေလုပ်ပြီးမှတ်တမ်းတင်ပေးရတာပဲဖြစ်ပါတယ်။အဲ့ဒီလိုတခြားဂြိုလ်တွေပေါ်သွားနေထိုင်ဖို့စစ်ဆင်ရေးတွေကိုတာဝန်ယူရသူကတော့တပ်မှူးအန်ဒါဆန်ပဲဖြစ်ပါတယ်။မနက်ဖြန်မှာတော့အန်ဒါဆန်ကလပေါ်ကိုသွားပြီးကိုယ်တိုင်သွားရောက်လေ့လာမှာပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒီညမှာသူတို့သုံးနေတဲ့ AI ဖြစ်တဲ့ဂျေးကသူ့အိမ်ကလျှပ်စစ်ပစ္စည်းတွေကိုပါကျူးကျော်ဝင်သုံးပြီ‌းကမ္ဘာအပြင်ဖက်ကတခြားဂြိုလ်တွေပေါ်မှာသွားနေရင်အသက်ရှင်သန်နိုင်ချေရှိလား နေထိုင်လို့ရနိုင်လား ဘယ်လိုအန္တရာယ်တွေရှိနိုင်လဲဆိုတဲ့ဖြစ်နိုင်ချေပေါင်းများစွာကိုရက်ပေါင်းတစ်သန်းစာကြိုတင်ခန့်မှန်းချက်တွေထုတ်လာတဲ့အခါမှာတော့ အန်ဒါဆန် သူ့မိန်းမနဲ့ သူ့မိန်းမရဲ့လက်အောက်ကကောင်မလေးတို့ ၃ ယောက်ခေါင်းချင်းဆိုင်ပြီးအဲ့ဒီခန့်မှန်းချက်တွေကိုကြည့်ကာတစ်ညလုံးခေါင်းစားပြီးနောက်ဆုံးမှာတော့ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အဖြေတွေပေါ်ပေါက်လာမယ်ဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်