ဒီတစ်ခေါက် အလှည့်ကျတာကတော့ ပြင်သစ် Horror ရုပ်ရှင်ဖြစ်ပါတယ်။ 1800ပြည့်နှစ်တွေတုန်းက ပြင်သစ်တောင်ပိုင်း မိုင်းတွင်းတွေမှာ အလုပ်လုပ်ရတဲ့ လူမျိုးစုံ မိုင်းလုပ်သားတွေရဲ့ ဘဝကိုပါ ထည့်သွင်းပုံဖော်ထားပါတယ်။
ဟိုလန်တို့ မိုင်းသမားအဖွဲ့ဟာ သူတို့အထက်လူကြီး စေခိုင်းချက်အရ ပါမောက္ခတစ်ယောက်ကို မီတာတစ်ထောင်နက်တဲ့ မိုင်းတွင်းထဲ ခေါ်သွားပေးဖို့ ဖြစ်လာပါတယ်။ အဲ့ပါမောက္ခက သူ 25နှစ်ကြာ သုတေသနလုပ်ခဲ့တာအတွက် နမူနာလိုချင်လို့ မိုင်းတွင်းထဲ ဆင်းချင်တာပါ။ အဲ့နေရာမှာ တစ်ချိန်တုန်းက မိုင်းတွင်းမီးလောင်လို့ မိုင်းသမားတွေ ပိတ်မိပြီး သေဆုံးသွားတဲ့ ဒဏ္ဍာရီလိုလို ဖြစ်ရပ်တစ်ခုရှိပါတယ်။ အလောင်းတွေကို ရှာမတွေ့ခဲ့ဘူးလို့ ပြောကြပါတယ်။
ဒီလိုနဲ့ မီတာတစ်ထောင်အနက်ကို ဆင်းလာကြပြီး မြေပြိုရာကနေ အပေါက်ပိတ်သွားတဲ့အခါ...ထွက်ပေါက်ရှာရင်းနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက သင်္ချိုင်းကို တွေ့သွားတဲ့အခါ...ပါမောက္ခရဲ့ မူလရည်ရွယ်ချက်ကဘာလဲ....ဟိုလန်တွေ မိုင်းသမားတွေရော ဒဏ္ဍာရီထဲက မိုင်းသမားတွေလို ကံကြမ္မာနဲ့ရင်ဆိုင်ရမလား...အပြင်ထွက်နိုင်ပါ့မလား။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်