ဇာတ်လမ်းအစမှာလူတစ်ယောက်က ယာဉ်တိုက်မှုကနေ အသက်မသေပဲနိုးထလာခဲ့တယ်။ ဆေးရုံရောက်တဲ့အချိန်မှာတော့ သူ့စစ်ဆေးမေးမြန်းတဲ့အခါ သူဟာဘာကိုမှမမှတ်မိပါဘူး။ အဲ့လိုနဲ့ရုတ်တရက်ကြီး သူဟာတစ်ခြားတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ သူ့ကိုယ်သူတောင်ဘာဖြစ်လိုဖြစ်နေမှန်းမသိခဲ့ပါဘူး။
အီအန်ဟာ ၁၂နာရီထိုးတိုင်း လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲဝင်ဝင်သွားတာဖြစ်ပါတယ်။ တဖက်မှာလဲ သူ့မိန်းမ ဂျင်နာကလဲ သူပျောက်သွားလိုလိုက်ရှာနေတာဖြစ်ပါတယ်။ သူ့မိန်းမနဲ့တွေ့တဲ့အချိန်မှာ ရှင်းပြတော့လည်း သူ့မိန်းမကမယုံကြည်ခဲ့ပါဘူး
အဲ့တော့ သူဟာ ဇာတ်လမ်းအစ သူနဲ့တွေ့ခဲ့တဲ့အိမ်ရာမဲ့စီသွားပြီး ဘာတွေဖြစ်နေလဲဆိုတာကို သိအောင်စုံစမ်းဖိုလုပ်ဆောင်ရပါတော့တယ်။ ဒီဇာတ်လမ်းလေးထဲမှာ သူဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုပြန်လည်ဖော်ထုတ်ဖိုလုပ်ဆောင်နေခဲ့တာတွေ စွန့်စားခန်းတွေကို ရိုက်ကူးပုံဖော်ထားပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zane ဖြစ်ပါတယ်