6.6
535,908
...

Video Quality

Blu-ray 1080p

Audio Quality

DTS ES 5.1

File Size

5.2 GB

Credit

300

X-Men: The Last Stand (2006)

Action, Adventure, Sci-Fi

Credits 300

X-Men Superheroes ကြိုက်တဲ့သူတိုင်း X-Men ကို သိကြပါတယ် .. Wolverine တို့ Megneto တို့ Professer X တို့ဆိုတာ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက အားကျခဲ့ကြတဲ့ Heroes တွေပါ .. ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့ဆယ်ကျော်သက်ကလေးတွေတော်တော်များများ လူသားအားလုံးရဲ့ အပယ်ခံ Emo ဆန်ဆန် Mutant လို့ခေါ်တဲ့ သန္ဒေပြောင်းလူသားတွေကို အရမ်းသဘောကျခဲ့ကြတာပါ … . . X-Men တွေကို ကာတွန်းကား Series အဖြစ် ထွက်ခဲ့တာကတော့ ကြာပါပြီ .. Live-Action ကားအဖြစ် ပထမဆုံးအသက်သွင်းခဲ့ကြတာကတော့ X-Men (2000) ပါ … Wolverine ကို စမိတ်ဆက်ပေးတဲ့ကား Mutant တွေရဲ့ခိုလှုံရာကျောင်းကြီးကို စမိတ်ဆက်ပေးတဲ့ကား Professor X နဲ့ Megneto တို့အကြောင်းကို စမိတ်ဆက်ပေးတဲ့ကားအဖြစ်နဲ့ X-Men Fans တွေကတော့ သိကြပါတယ် … . . X2 (2003)မှာတော့ President ကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ Mutant ကို လိုက်ရှာရင်းနဲ့ Mutant Academy ကျောင်းကြီးက Mutants တွေကိုပါ စစ်တပ်လက်ကနေ လွတ်အောင် ခေါ်ထုတ်ဖို့ ကြိုးစားရမယ့် X-Men အဖွဲ့ရဲ့ ဒုတိယ ဇာတ်လမ်းတစ်ပုဒ်ပါ … . . X-Men: The Last Stand (2006) မှာတော့Mutants တွေကို ရောဂါတစ်ခုလို့ သတ်မှတ်ထားတဲ့သိပ္ပံပညာရှင်တစ်စုက Mutant ကနေ ရိုးရိုးလူပြန်ဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ဆေး ဖန်တီးနိုင်ခဲ့ပါတယ် .. ဒီလိုမျိူးဆေး ပေါ်ပေါက်လာတာဟာ Mutant မျိူးနွယ်စုကို စော်ကားခြင်းဆိုပြီး Magneto ဦးဆောင်တဲ့ Brotherhood Mutants တွေအားလုံး လူတွေကို ချေမှုန်းဖို့ ကြိုးစားကြတာကို Professer X ခေါ်ဆောင်တဲ့ X-Men အဖွဲ့က တားဆီးဖို့ ကြိုးစားရမှာပါ …