6.6
105,773
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

5 GB

Credit

500

Overlord (2018)

Action, Horror, Sci-Fi

Credits 500

Zombie ကားကြိုက်သူတွေအတွက် 2018 မှာထွက်ရှိခဲ့တဲ့ overlord ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။တကယ်တော့ ဒီကားလေးက Zombie ကားကြိုက်သူတွေအတွက်တင်မကပဲ စစ်ကား ကြိုက်သူတွေအတွက်ပါ ကြည့်ရှုလို့ အဆင်ပြေစေမယ့့်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကား အစမှာ ဒုတိယကမ္ဘာစစ်ကိုအခြေတည်ပြီး ရိုက်ကူးထားပေမယ့် တဖြည်းဖြည်းနဲ့ Drama , thriller ဘက်ကို ဆွဲခေါ်သွားမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေ သိမ်းပိုက်ထားတဲ့ ပြင်သစ်နယ်မြေမှာ အမေရိကန်က သူ့ရဲ့ လေထီးတပ်သားတွေကို စေလွှတ်ခဲ့ပါတယ်။ အမေရိကန်လေထီးတပ်သားတွေရဲ့ တာဝန်ကတော့ ခရစ်ယာန် ဘုရားကျောင်း အပေါ်မှာ တပ်ဆင်ထားတဲ့ အသံလှိုင်းဆက်သွယ်မှု စနစ်ကိုဖျက်စီးဖို့ပဲဖြစ်ပါတယ်။ဒါပေမယ့်လည်း ကံမကောင်း အကြောင်းမလှစွာနဲ့ လေထီးတပ်သားတွေလိုက်ပါလာတဲ့ လေယာဉ်ပျက်ကျပြီး တပ်သား ၅ဦးသာလျှင်အသက်ရှင်ကျန်ရစ်ကာ ပေးအပ်ထားတဲ့တာဝန်ကို ထမ်းဆောင်ဖို့ အခြေအနေဖြစ်လာပါတော့တယ်။ အသံလှိုင်းဆက်သွယ်မှု စနစ်ကို ဖျက်စီးရမယ့် ဘုရားကျောင်းအောက်ဘက်မှာ နာဇီတို့ လုပ်ဆောင်နေတဲ့ စီမံကိန်းကြီးရှိတာကို အမေရိကန်တပ်သားတွေ သိရှိသွားပြီး ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ သူတို့ကို ပေးအပ်ထားတဲ့ တာဝန်တွေပါပြီးအောင်ထမ်းဆောင်နိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။