6.3
250,844
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.9 GB

Credit

500

Uncharted (2022)

Action, Adventure

Credits 500

မုဆိုးကြီးအလန်ကွာတာမိန်းရဲ့ ရတနာသိုက်ရှာပုံတော်တွေအကြောင်းကိုစိတ်ဝင်စားကြလား? စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့်ရုပ်ရှင်လေးကို အကြိုက်တွေ့ကြမယ်ထင်ပါတယ်။ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ရက်နေ့ကထွက်ရှိထားတဲ့ Uncharted ဆိုတဲ့ရုပ်ရှင်ထဲမှာတော့ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ ရတနာသိုက်တစ်ခုကိုရှာဖွေစွန့်စားကြပုံများကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဒရိခ်ညီအစ်ကိုနှစ်ယောက်ဟာမိဘမဲ့ကျောင်းမှာကြီးပြင်းခဲ့သူတွေဖြစ်ပြီး ရတနာသိုက်ရှာပုံတော်အကြောင်းကိုအလွန်စိတ်ဝင်စားသူတွေပါ။ ဒါပေမယ့် ရတနာသိုက်မြေပုံကိုပြတိုက်ကနေခိုးရင်းနဲ့ဖမ်းမိသွားတဲ့ အစ်ကိုဖြစ်သူဆမ်ဒရိခ်ကြောင့် ညီဖြစ်သူနေသန်ဒရိခ်ကတစ်ယောက်တည်းကျန်ခဲ့ရပါတယ်။ ဒါပေမယ့်ငယ်စဉ်ကအိမ်မက်ဖြစ်တဲ့ ရတနာသိုက်ရှာဖွေမှုကိုတော့ နိတ်ကလက်မလျှော့ပါဘူး။ ဒီလိုနဲ့အရွယ်ရောက်လာတဲ့အခါ ပျောက်ဆုံးနေသူအစ်ကိုဆမ်ရဲ့သူငယ်ချင်းဆော်လီဗန်က ဒဏ္ဍာရီထဲကရတနာရှာပုံတော်အတွက် နိတ်ဆီကိုရောက်လာတဲ့အခါမှာတော့... ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။