5.9
144,994
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

4.6 GB

Credit

500

The Great Wall (2016)

Action, Adventure, Fantasy

Credits 500

ဒီကားကတော့ တရုတ်ဒါရိုက်တာ နဲ့ တရုတ် ကုမ္ပဏီတွေ ကရိုက်ကူးထားတာဖြစ်ပြီး လူစိတ်ဝင်စားအောင် နာမည်ကြီးမင်းသား Matt Damon ကို ထည့်သုံးထားတာဖြစ်ပါတယ်။ ဒီကားက Song Dynasty (960 ကနေ 1279) ကြား ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို မွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ Monster တွေရန်က နေကာကွယ်ဖို့ တာဝန်ပေးခဲ့ပါတယ်။ ဇာတ်လမ်းက သမရိုးကျ ဖြစ်လို့ ထွေထွေထူးထူး ပြောစရာတော့မရှိပါဘူး။ ဒီကားက အက်ရှင်တွေ မဆိုးပေမယ့် ဇာတ်လမ်းကတော့ သာမန်ပဲဖြစ်ပါတယ်။ အရမ်းလည်းမကောင်းသလို အညံ့ထဲမှာလည်းမပါပါဘူး။ တရုတ်ကားတွေထုံးစံအတိုင်း အက်ရှင် ဇာတ်ကွက်တွေက တော့ တခြားကားတွေထက် ကောင်းတာတွေ့ရပြီး ပရိတ်သတ်တွေ အပျင်းပြေစေမှာပါ။ တရုတ်ကားတွေကြိုက်တဲ့သူတွေအတွက်ကတော့ ရုံမှာသွားကြည့်ဖို့ တန်မှာဖြစ်ပေမယ့် သာမန်ပရိတ်သတ်တွေကတော့ အိမ်မှာပဲကြည့်စေချင်ပါတယ်။ အပျင်းပြေကြည့်ဖို့ပဲကောင်းပါတယ်။ No Sex, No Nudity ဖြစ်လို့ မိသားစုတူတူကြည့်နိုင်ပါတယ်။