သက္ကရာဇ် ၁၆၂၀ ပြည့်နှစ်မှာ မိန်မစိုးချုပ်ကြီးဝေ့ကျုံးရှန်ဟာ "မိန်းမစိုးဂိုဏ်း" ဆိုပြီး ကိုယ်ပိုင်ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်။ ဧကရာဇ်ချုံးကျန်း အာဏာရလာတော့ ဂိုဏ်းကို စပြီးရှင်းလင်းခဲ့တယ်။ ရှင်းလင်းရေးလုပ်ငန်းစဉ်အတွင်း ရာထူးနိမ့်အရာရှိလေး သုံးယောက်ဟာ တခြားသူတွေ မလုပ်ချင် မလုပ်နိုင်တဲ့တာ၀န်တွေကို ထမ်းဆောင်နေရတယ်။ လျိုကျိန်းရှင်း- ရာထူးတိုးမည်ဆိုလျင် ဘာမဆို လုပ်နိုင်သူ။ ရှန်လျန့်- ရှာလို့ ရသမျှငွေတွေကို စုပြီး ဆောင်ကြာမြိုင်က အထက်တန်းစား ပြည့်တန်ဆာတစ်ယောက်ရဲ့ လွတ်လပ်မှုကို ၀ယ်ပေးချင်ေနသူ။
ကျင်းယီချွမ်း- အရာရှိကို သတ်ပြီး အရာရှိနေရာမှာ အစားထိုး ခိုး၀င်နေသော ရာဇ၀တ်သားသူခိုး။ အထက်တန်းစား အရာရှိများရဲ့ကစားပွဲထဲ ကြားညှပ်ခဲ့ရတဲ့ တန်ဖိုးမဲ့လွန်းတဲ့ဘ၀မှာ အရာရှိ၀တ်စုံ၀တ် မင်းကြီး ပေးအပ်ထားတဲ့ ဓါးရှည်ကို လွယ်ထားပြီး အသက်ရှင်နေနိုင်ဖို့ ကြိုးစားနေကြရတဲ့ အိမ်မက်ကိုယ်စီနဲ့ သူတို့သုံးယောက်ရဲ့ Brotherhood ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်