6.7
59,137
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

The Legend of Bagger Vance (2000)

Drama, Fantasy, Sport

Credits 200

ဒီဇင်ဘာ 20 Movies Request တုန်းက ဘာသာပြန်ပီးတင်ပေးဖို တောင်းဆိုထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Legend of Bagger Vance လေးကို Blu-ray 1080p Quality နဲ့တင်ပေးလိုက်ပါပီ ဒီတစ်ခါတော့ ဂေါ့ဖ်အားကစားကိုစိတ်ဝင်စားသူတွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ Sport & Romance အမျိုးအစားရုပ်ရှင် The Legend of Bagger Vance ကို ၂၀၀၀ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့မှာထုတ်လွှင့်ခဲ့တာပါ။ ဒီရုပ်ရှင်ကို အမေရိကန်စာရေးဆရာ Steven Pressfield ရဲ့ The Legend of Bagger Vance စာအုပ်ကိုပြန်လည်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ဥရောပတိုက်နဲ့အာရှတိုက်အကြားမှာရှိတဲ့ဂျော်ဂျီယာနိုင်ငံက ဆဗာနာပြည်နယ်မှာ ရန်နာ့ဖ်ဂျွန်နာလို့ခေါ်တဲ့ ဂေါ့ဖ်အားကစားသမားအကျော်အမော်တစ်ယောက်ရှိပါတယ်။ ပွဲဦးထွက်မှာပဲ သူ့ရဲ့ပြောင်မြောက်လှတဲ့ရိုက်ချက်တွေအတွက်သမိုင်းဝင်ခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ဖြစ်လာတဲ့အခါမှာတော့ စစ်ထွက်ခဲ့တဲ့အမျိုးသားတွေထဲဂျွန်နာပါပါဝင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ဂေါ့ဖ်အားကစားနဲ့ ချစ်သူဖြစ်သူ အဒဲလ်အင်ဗာဂေါ်ဒန်ကိုလည်းထားခဲ့ရပါတယ်။ ဒါပေမယ့် စစ်အပြီးမှာတော့အိမ်ပြန်လာခဲ့သူတွေထဲမှာဂျွန်နာမပါခဲ့ပါဘူး။ ဒါကြောင့် ချစ်သူဖြစ်သူအဒဲလ်ကလည်း ပြန်မလာသူကိုတမ်းတမနေတော့ဘဲ ဖခင်ဖြစ်သူရဲ့ဂေါ့ဖ်ကွင်းစီးပွားရေးကို ဆက်ခံခဲ့ပါတယ်။ စစ်အပြီးဆဗာနာပြည်နယ်စီးပွားရေးကပ်ဘေးကြုံလာရတဲ့အခါ လုပ်ငန်းရှင်တွေအားလုံးစီးပွားတွေကျပြီး အဒဲလ်ရဲ့ဖခင်ဖြစ်သူမစ်စတာအင်ဗာဂေါ်ဒန်ကကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ ဒါကြောင့် အကြွေးတွေအခက်အခဲတွေနဲ့တသီကြီးကျန်ခဲ့တဲ့ အဒဲလ်ဟာသူ့ရဲ့အခမ်းနားဆုံးဂေါ့ဖ်ကွင်းမှာ ဂေါ့ဖ်ပြိုင်ပွဲတစ်ခုကို နာမည်အကြီးဆုံးဂေါဖ့်အကျော်အမော်တွေနဲ့ကျင်းပနိုင်ဖို့ကြံစည်တော့တဲ့အခါ...? စစ်ပွဲအပြီးပျောက်ဆုံးနေရာကပြန်ပေါ်လာတဲ့ ဂျွန်နာကဂေါ့ဖ်ရိုက်တံကိုပြန်လည်ဆုတ်ကိုင်နိုင်ဦးမှာလား? ဒီရုပ်ရှင်အတွက်အညွှန်းနဲ့ဘာသာပြန်သူကတော့ Erika Sean ဖြစ်ပါတယ်။