6.2
457
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.6 GB

Credit

100

Righteous Ties (2006)

Comedy, Crime, Drama

Credits 100

ဒီကားလေးက ၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မှုခင်းဒရာမာကားလေးပဲ ဖြစ်ပါတယ်။ ဒုံချီဆောင်း၊ ဂျောင်ဆွန်းထန်နဲ့ ဂင်ဂျူဂျွန်းတို့ဟာ ငယ်ငယ်ကတည်းက ပခုံးဖက် ကြီးပြင်းလာကြတဲ့ သူငယ်ချင်းအရင်းကြီးတွေဖြစ်ပြီး ကြီးလာတော့လည်း လူဆိုးဂိုဏ်းတစ်ခုမှာ သစ္စာရှိရှိ အလုပ်လုပ်ခဲ့ကြသူတွေပါ။ တစ်နေ့မှာ ချီဆောင်းက ဂိုဏ်းအတွက် အလုပ်လုပ်ရင်း အဖမ်းခံရပြီး ထောင်ကျခဲ့ရတယ်။ ထောင်ထဲမှာ သူ့လိုပဲ ဂိုဏ်းအတွက် အလုပ်လုပ်ပေးရင်း သေဒဏ်အပေးခံခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဆွန်းထန်ကို အသက်ရှင်လျက် ပြန်တွေ့ခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ချီဆောင်းရဲ့သူဌေးက သူ့လက်အောက်မှာ သစ္စာရှိရှိ အလုပ်လုပ်ခဲ့တဲ့ ချီဆောင်းကို ကိုယ်ကျိုးအတွက် စွန့်ပစ်ဖို့ ကြံစည်နေပြန်ပါတယ်။ ၁၀ စုနှစ်တစ်ခုစာလုံး သစ္စာရှိရှိ အလုပ်လုပ်ပေးခဲ့တာတောင် သူဌေးက သူ့ကို စွန့်ပစ်ဖို့ပြင်နေကြောင်း သိလိုက်ရတဲ့အခါ ချီဆောင်းတစ်ယောက် သူဌေးကို လက်တုန့်ပြန်ဖို့အတွက် ထောင်ထဲမှာ သိကျွမ်းခဲ့ရတဲ့ အခန်းဖော်ထောင်သားတွေနဲ့အတူ ထောင်ဖောက်ထွက်ပြေးဖို့ ကြိုးပမ်းပါတော့တယ်။ အဲဒီအချိန် တစ်ဖက်မှာလည်း ချီဆောင်းရဲ့သူငယ်ချင်း ဂျူဂျွန်းကို သူတို့ သူဌေးက ချီဆောင်းကို တားပေးဖို့ ဖိအားပေးစေခိုင်းလာတဲ့အတွက် သူငယ်ချင်းနဲ့ ဂိုဏ်းကြားမှာ ရွေးချယ်ရမယ့်အနေအထား ဖြစ်လာပါတော့တယ်။ သူငယ်ချင်းတွေကြားက သစ္စာတရားကို ဟာသနဲ့ ဒရာမာလေးရောပြီး ပုံဖော်ရိုက်ကူးထားတဲ့ Righteous Ties ဆိုတဲ့ ဇာတ်လမ်းလေးကို M Sub Movie မှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ June Rose ဖြစ်ပါတယ်