6.9
244,722
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.7 GB

Credit

200

Rio (2011)

Animation, Adventure, Comedy

Credits 200

🌅 RIO ကားမှာပါတဲ့ အပြာရောင်ကြက်တူရွေးလေးတွေသဘာဝ တောတွင်းမှာ မျိုးတုန်းပျောက်ကွယ်သွားပြီ 2011 မှာ စရုံတင်ခဲ့ပြီး Blu လို့ခေါ်တဲ့အပြာရောင် ကြက်တူရွေးလေးနဲ့သူ့အဖော်ဌက်မလေး Jewl တို့ဟာ သူတို့မျိုးစိတ် ရဲ့နောက်ဆုံးကျန်ရှိနေတဲ့ ဌက်လေးတွေအဖြစ်နဲ့ Brazil နိုင်ငံရဲ့သဘာဝသစ်တော ပြုန်းတီးမှုတွေ၊ တောတွင်းတိရစ္ဆာန် တရားမဝင် ဖမ်းဆီးရောင်းချမှုတွေကြားမှာ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ရုန်းကန်ပြေးလွှားရင်း သားသမီးရင်သွေးများနဲ့ပျော်ရွှင်စရာ မိသားစုလေးထူထောင်နိုင်ခဲ့ပုံကို ဟာသ ရီစရာမောစရာများနဲ့ ပရိသတ်တွေ ဇာတ်လမ်းအပြင်က မျိုးတုံးမှု အန္တရာယ်ကျရောက်နေတဲ့ ဌက်မျိုးစိတ်တွေ ကို သတိထားမိအောင် လှုံ့ဆော်ပေးခဲ့ပြီး ပရိသတ်တွေအတွက်အကြိုက်တွေ့စေခဲ့တဲ့ RIO ကာတွန်းကားကောင်းလေးကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ RIO ကားထဲမှာပါတဲ့ အပြာရောင်ကြက်တူရွေးလေးတွေ ကိုတော့ ''Spix's Macaw'' လို့ခေါ်ပြီး Brazil တောတွင်းမှာနေထိုင်ကြတဲ့မျိုးတုံးခါနီး ကြက်တူရွေး မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ RIO ကို ရိုက်ကူးခဲ့တဲ့ Director Carlos Saldanha ကတော့ မျိုးတုံးသွားနိုင်တဲ့ Spix Macaws လေးတွေ အကြောင်း လူတွေ သတိထားမိအောင် RIO ဇာတ်လမ်းထဲမှာ အပြာရောင်ကြက်တူရွေး ဇာတ်ကောင်တွေအဖြစ် ထည့်သွင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ Director ဖြစ်ချင်တဲ့ အတိုင်း ကာတွန်းကားထဲမှာတော့ အပြာရောင်ကြက်တူရွေးတွေ အောင်မြင်စွာ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ပြီး ရင်သွေးလေးတွေ မွေးဖွားကာတောတွင်း မှာ အကောင်အရေအတွက် ပြန်လည် တိုးများလာပေမယ့် လည်း လက်တွေ့အပြင်မှာတော့ Director မျှော်မှန်းပြီး ဖြစ်ချင်ခဲ့တာနဲ့ ထပ်တူမကျခဲ့တာတော့ ဝမ်းနည်းဖွယ် တွေ့ရတာပဲဖြစ်ပါတယ်။ BirdLife International ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ Report စာတမ်းများအရ ကျွန်ုပ်တို့ချစ်ကြတဲ့ ဒီအပြာရောင် ကြက်တူရွေးလေးတွေ ဟာ တောတွင်းမှာ ပြန်လည် မြင်ရဖို့လွန်းဝမဖြစ်နိုင်တော့ကြောင်း သေချာသွားခဲ့ပြီပဲဖြစ်ပါတယ်။ Captive Breeding အရ လူတွေ မွေးမြူထားတဲ့ ရာ မကျော်တဲ့ ကောင်ရေ အနည်းငယ်က လွဲလို့ တောတွင်းမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီပဲဖြစ်ပါတော့တယ်။