4.5
9,966
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Midnight in the Switchgrass (2021)

Action, Crime, Mystery

Credits 200

Midnight In The Switchgrass ဆိုတဲ့ Mystery, Thriller & Crime Movie ကို ၂၀၂၁၊ ဂျူလိုင် ၂၃ရက်နေ့မှာစတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုThriller ရုပ်ရှင်အများစုရဲ့သရုပ်ဆောင်ဖြစ်တဲ့ ခပ်မိုက်မိုက်မင်းသမီးချော Megan Fox ကဦးဆောင်ပြီး Emile Hirsch, Lucas Hass, Bruce Willis စတဲ့သရုပ်ဆောင်ကောင်းတွေနဲ့တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ရေဘက္ကာလွန်ဘာဒိုနဲ့ သူ့ရဲ့တွဲဖက်ကားလ်ဟာ FBI ကစုံထောက်တွေဖြစ်ကြပြီး သူတို့ဟာမိန်းကလေးတွေထူးဆန်းစွာအသတ်ခံရတဲ့ကွင်းဆက်လူသတ်မှုတစ်ခုကိုစုံစမ်းထောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။ ဒီလိုပဲ ဘရိုင်ယန်ခရောဖို့ဒ်ဆိုတဲ့ပြည်နယ်ရဲစုံထောက်တစ်ယောက်ဟာလည်း ရဲဌာနကိုလူပျောက်တိုင်လာတဲ့မိန်းကလေးတွေရဲ့ထူးဆန်းစွာပျောက်ဆုံးခြင်းအကြောင်းကိုစုံစမ်းရာက ဒီကွင်းဆက်လူသတ်မှုကိုရိပ်မိလာခဲ့ပါတယ်။ ဒါပေမယ့်အထက်အရာရှိတွေရဲ့တားမြစ်ခြင်းကိုခံရတဲ့ဘရိုင်ယန်ဟာ သူလုပ်ချင်သလို အမှုကိုထောက်လှမ်းလို့မရခဲ့ပါဘူး။ ဒါပေမယ့် သူ့လိုပဲ ဒီကွင်းဆက်လူသတ်မှုအကြောင်းကိုအရမ်းစိတ်အားထက်သန်နေတဲ့ လွန်ဘာဒိုနဲ့တွေ့ဆုံတဲ့အခါ သူတို့နှစ်ယောက်ပေါင်းပြီး သံသယရှိတဲ့တရားခံကိုပိုပြီးနောက်ယောင်ခံလိုက်နိုင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ လွန်ဘာဒိုနဲ့ဘရိုင်ယန်ဟာ ထူးထူးဆန်းဆန်းအသတ်ခံခဲ့ရတဲ့မိန်းကလေးတွေအတွက် တရားမျှတမှုကိုရှာဖွေပေးနိုင်မလား... စိတ္တဇကွင်းဆက်လူသတ်သမားရဲ့ထောင်ချောက်ထဲကနေဘယ်လိုရုန်းထွက်ကြမလဲဆိုတာကတော့စိတ်၀◌င်စားစရာပါပဲ။ ဒီရုပ်ရှင်ကို စကားအသုံးအနှုန်းနဲ့ အချို့ဇာတ်ကွက်များအတွက်သတိပေးထားတာဖြစ်လို့ အသက်မပြည့်သေးတဲ့ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူး။ ဒီရုပ်ရှင်အတွက်ဘာသာပြန်နဲ့ အညွှန်းရေးပေးတဲ့သူကတော့ Erika Sean ဖြစ်ပါတယ်။